နေပြည်တော် ၂၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာနေ ကိုကျော်သူဝင်း (၃၀)နှစ်သည် အိုင်တလူဆိပ်သာဘုရားအနီးရှိ အုတ်ဖို၌ မတ် ၂၃ ရက် နံနက် ၈ နာရီက အုတ်တင်အုတ်ချ လုပ်ငန်းဆောင်ရွက်နေစဉ် ဇနီးဖြစ်သူ မဝေဝေထွန်း ရောက်ရှိလာပြီး သမီးဖြစ်သူ မပြည့်ပြည့်ဝင်းမှာ ပျောက်ဆုံးနေကြောင်း ပြောပြသိရှိရ၍ လိုက်လံရှာဖွေရာ မတွေ့ရှိသဖြင့် မိုးတားရဲကင်းစခန်းသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သမီးဖြစ်သူအား ထပ်မံရှာဖွေစဉ် မပြည့်ပြည့်ဝင်း(၇)နှစ်အား အုတ်ဖိုဘေးရှိ ခြုံတောအတွင်း၌ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ကသာမြို့မရဲစခန်း၌ အမှုရေးဖွင့်ကာ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ တရားခံဖမ်းဆီးရမိရေး စုံစမ်းရှာဖွေရာ မသင်္ကာတရားခံ မင်းမင်းဦး (၂၅)နှစ်အား စစ်ဆေးခဲ့ကြောင်း၊ ၎င်းသည် မတ် ၂၃ ရက် နံနက်ပိုင်းက မပြည့်ပြည့်ဝင်းအား တိုက်ကုန်းကျေးရွာသွားလမ်း ယာဘက်ခြုံတောထဲသို့ခေါ်သွားကာ မပြည့်ပြည်ဝင်း၏ လည်ပင်းကို တင်းကျပ်စွာချုပ်ထားစဉ် သေဆုံးသွားသဖြင့် မပြည့်ပြည်ဝင်းအား အနီးရှိခြုံနွယ်များအား နင်းဖိစုပုံကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မင်းမင်းဦးအား ဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


