ဝါးခယ်မ ၂၄ မတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ပတ္တမြားရပ်ကွက်ရှိ ဧရာရွှေဝါ စက်သုံးဆီ အရောင်းဆိုင်တွင် ယနေ့ ညနေ ၄ နာရီက မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီ အရောင်းဆိုင်၌ သင်္ဘောပေါ်မှ သိုလှောင်ရုံအတွင်းသို့ ပရီမီယံဒီဇယ်များအား ဆီထည့်သွင်း သိုလှောင်စဥ်၌ မီးလန့်မှုဖြစ်ပွားခဲ့ရာ အသင့်တပ်ဆင် အသုံးပြုထားသော automatic fire ball ကြောင့် မီးအဖြစ်သို့ ကူးပြောင်းခြင်းမရှိဘဲ မီးခိုးများထွက်ကာ မီးလန့်ခဲ့ကြောင်း၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါ မီးလန့်မှုကြောင့် ဆုံးရှုံးမှုမရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယမီးသတ် ဦးစီးမှူး ဦးလှိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


