မိုင်းပျဉ်း   ၂၅  မတ်

     

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့နယ်၊တာကော်ကျေးရွာအုပ်စု၊ တာကော်(၂)မိုင်တံတားအနီး ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်း မိုင်တိုင်အမှတ် (၄၅၃)နှင့်(၄၅၄) ကြားတွင် မတ် ၂၄ ရက် နံနက်၇နာရီခွဲက ကားဘရိတ်ပေါက်ရာမှ ကားလေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

       

ဖြစ်စဉ်မှာ  မိုင်းပျဉ်းမြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ယာဉ်မောင်း အောင်မျိုးခိုင်(၄၂နှစ်) ၊မန္တလေးမြို့နေသူ မောင်းနှင်သောယာဉ်အမှတ် 8F/---Nissan (၁၂)ဘီးယာဉ်သည် တာကော်တံတားအနီး တောင်ကုန်းအဆင်းတွင် ဘရိတ်ပေါက်၍ လားရာတူ ရှေ့မှမောင်းနှင်နေသည့် ရွှေခိုလမ်မော်တော်ယာဉ်လိုင်းမှ 1G/---Hiace နှင့် 4F/---Hiace ခရီးသည်တင်ယာဉ်၊ ရွှေဥဒေါင်းမော်တော်ယာဉ်လိုင်းမှ 9M/---Hiace ခရီးသည်တင်ယာဉ်တို့အား ဆင့်ကဲ တိုက်မိမှုဖြစ်ပွားခဲ့ရာ 1G/---Hiace ခရီးသည်တင်ယာဉ်​ပေါ်မှ ခရီးသည်ကျား(၈)ဦး၊ မ(၆)ဦး၊ ပေါင်း(၁၄)ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိ၍ မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရသည်။

         

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအောင်မျိုးခိုင်အား မိုင်းပျဉ်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

မေမွန်ထွဋ်(ပြန်ဆက်)