ကော့မှူး ၂၅ မတ်
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာအုပ်စု သဲကုန်းပိုင်း၌ မေ ၂၄ ရက် ညနေ ၅ နာရီခန့်က ထမင်းပေါင်းအိုး တည်ထားရာမှ အပူလွန်ကဲပြီး အနီးရှိစက္ကူနှင့် အဝတ်အထည်များအား မီးကူစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမင်းထက်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်နှစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ၅ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ဒေါ်ယဉ်ယဉ်ထွန်း၏ သွပ်မိုး၊ ပျဉ်းခင်း၊ ထရံကာတစ်လုံးနှင့် ၎င်း၏ နေအိမ်ခြံအတွင်းရှိ ဒေါ်သက်မာလွင်၏ သွပ်မိုး၊ ထံရံကာနေအိမ်ကို ကူးစက်လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ရှင်ဒေါ်ယဉ်ယဉ်ထွန်းအား ကော့မှူးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကျော်သူရ ကော့မှူး


