ကလော ၂၅ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာအနီးတွင် ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၆၀/၄)နှင့် (၆၀/၅)ကြား အရောက်တွင် လမ်း၏ ယာဘက်ရှိ အနက် ၅၀ ပေ ခန့်ရှိ ချောက်ထဲသို့ ၁၂ ဘီး အဖြူရောင်မော်တော်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ကလောမြို့၊ အမှတ်(၁၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကလော)တပ်စိတ် ရဲအုပ်အောင်မိုးသူ နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မကွေးမြို့၊ အောင်ဇေယျ ရပ်ကွက် နေသူ ယာဉ်မောင်းကျော်စိုးဝင်း ၄၄ နှစ် မောင်းနှင်ပြီး မကွေးမြို့ သိမ်ဂါ ရပ်ကွက်နေသူ ယာဉ်နောက်လိုက် နောင်လေး ၃၀ နှစ် လိုက်ပါလာသည့်MDY- 1G(…..) MISU-BISHI FUSO (၁၂)ဘီးအဖြူရောင် မော်တော်ယာဉ်သည် ကလောဘက်မှ သာစည်ဘက်သို့ မောင်းနှင် လာစဉ် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၆၀/၄) နှင့် (၆၀/၅)ကြားအရောက်တွင် လမ်း၏ ယာဘက်ရှိ အနက် ၅၀ ပေ ခန့်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ကျော်စိုးဝင်းတွင် (စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ပြီး နောင်လေးတွင် ဝဲဘက်ခြေသလုံး ပြတ်ရှ ၊နှာခေါင်းသွေးထွက် ၊ခါးပေါက်ပြဲ၊ ဝမ်းဗိုက်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ရာ ကလောမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကျော်စိုးဝင်းအား ကလောမြို့မ ရဲစခန်းမှ ဉပဒေအရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


