နေပြည်တော် ၂၅ မတ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အုန်းတပင်အနောက်ခြမ်းကျေးရွာနေ နန်းမြင့်မြင့်ဌေး (၂၄)နှစ်သည် မတ် ၂၄ ရက် နံနက် နာရီက နေအိမ်၌ရှိနေစဉ် ဖခင်ဖြစ်သူ ဦးစောဉာဏ်မြင့် (၄၆)နှစ်သည် အရက်မူးယစ်ပြီး နေအိမ်ပေါ်သို့တက်လာကာ နေ့လယ်စာ ထမင်းခူးပေးရန် ပြောဆိုရာမှ စကားများရန်ဖြစ်စဉ် ဦးစောဉာဏ်မြင့်မှ ၎င်းတွင်ပါလာသည့် လက်ပစ်ဗုံး လုံးဖြင့် ခြိမ်းခြောက်၍ ဖြူး(စ်)အား ဆွဲဖြုတ်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ဦးစောဉာဏ်မြင့်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး နန်းမြင့်မြင့်ဌေးတွင် ရရှိသောဒဏ်ရာများဖြင့် ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဆေးရုံ၌သေဆုံးခဲ့သဖြင့် ဦးစောဉာဏ်မြင့်အား အိန္ဒုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား