၃၀ မတ်

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၇ ဦး ထပ်မံ ကောင်းမွန်လာကြောင်းနှင့် ကောင်းမွန်လာသူ စုစုပေါင်း ၅၂ ဦး ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

မြို့တော် ဟနွိုင်းအခြေစိုက် အပူပိုင်းဒေသရောဂါများဆိုင်ရာ အစိုးရဆေးရုံတွင် လူနာ ၂၇ ဦးစလုံး ကုသမှုခံယူနေကြောင်း  ဗီယက်နမ် သတင်းအေဂျင်စီ က ယနေ့ထုတ်ပြန်ခဲ့သည်။

၎င်းတို့ကို နှစ်ကြိမ်ထက်မနည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှု နောက်ထပ် ၁၄ ရက်ကြာ ခံယူရမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက် ၁၉၄ ဦး ရှိပြီး ယခုအချိန်အထိ  ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့မနက်အထိ သီးသန့်ခွဲခြားထားသည့် သံသယလူနာ ၃၂၁၅ ဦး ရှိပြီး အခြား ၇၅၀ဝ၀ ကျော်ကို ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုလုပ်ဆောင်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို