ဘာလင် ၃၁ မတ်
ဂျာမနီနိုင်ငံ၌ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ၃၉၆၅ ဦး ထပ်မံပေါ်ထွက်လာခဲ့ရာ ယခုအခါ ရောဂါကူးစက်ခံရသူ အရေအတွက် စုစုပေါင်း ၅၂၅၄၇ ဦးအထိ တိုးပွားလာခဲ့ကြောင်း သိရသည်။
COVID-19 ကူးစက်မှုကြောင့် သေဆုံးသူ ၃၈၉ ဦးရှိကြောင်း ဂျာမနီ ရောဂါထိန်းချုပ်ရေး အေဂျင်စီတစ်ခုဖြစ်သည့် ရောဘတ်ကိုစချ်အင်စတီကျု၏ ဖော်ပြချက်အရ သိရသည်။
ဘာဒင် ဝါသန်ဘာ့ဂ်၊ ဟက်စီနှင့် ဆာလန်းပြည်နယ်တို့တွင် ရောဂါကူးစက်ခံရမှုမရှိခဲ့ကြောင်း အဆိုပါအေဂျင်စီက ပြောသည်။ သို့ရာတွင် COVID-19 ကူးစက်ခံထားရသူ အရေအတွက် ၅၆၂၈၁ ဦးရှိပြီး COVID-19 ကြောင့် သေဆုံးရသူ ၄၂၅ ဦးရှိကြောင်း ဂျာမန်သတင်းမီဒီယာ အန်တီဗွီဒီက တွက်ချက်ဖော်ပြထားသည်။
ဆင်ဟွာ


