၆ ဧပြီ

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီး ၁၀ ရက်ကြာပြီးနောက် မနေ့ညနေပိုင်းက ဆေးရုံမှာ ကုသမှုခံယူ ခေါ်ဆောင်သွားပြီလို့ သိရပါတယ်။

 

အသက် ၅၅ နှစ်အရွယ် ဝန်ကြီးချုပ်မှာ ကိုယ်အပူချိန်အပါအဝင် ရောဂါရဲ့ တခြားလက္ခဏာတွေရှိ နေသေးတဲ့အတွက် သူ့ဆရာဝန်က အကြံပေးလို့ ဆေးရုံတက်တာဖြစ်တယ်လို့ ဒေါင်းနင်းလမ်းမှ ထုတ်ပြန်ပါတယ်။

 

ဝန်ကြီးချုပ်ဟာ အစိုးရအဖွဲ့မှာ တာဝန်ရှိဆုံးသူအဖြစ် ဆက်လက် တာဝန်ထမ်းဆောင် နေပေမယ့် ဒီနေ့ (တနင်္လာနေ့) ကျင်းပမယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်တဲ့ အစည်းအဝးမှာတော့ နိုင်ငံခြားရေဝန်ကြီးက ဉက္ကဋ္ဌတာဝန်ယူမယ်လို့ မျှော်လင့်ရပါတယ်။

 

ဝန်ကြီးချုပ် က ကျန်းမာရေးဝန်ထမ်း (NHSဝန်ထမ်း) တွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ပြည်သူလူထုက အစိုးရဲ့အကြံပေးချက်ကို လိုက်နာပြီး အိမ်ထဲမှာနေရန် ပြောဆိုလိုက်ပါတယ်။

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် က ဘောရစ်ဂျွန်ဆင်ကို သူ့ရဲ့သူငယ်ချင်း၊ ခေါင်းဆောင်ကောင်း တစ်ယောက်လို့ခေါ်ဆိုပြီး အမြန်ပြန်လည် ကျန်းမာလာဖို့မျှော်လင့်ကြောင်း ပြောကြားပါတယ်။

 

ဧပြီ ၆ ရက်နေ့ထုတ်ပြန်တဲ့စာရင်းအရ ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၄၇,၈၀၆ ဦးရှိပြီး သေဆုံးသူ ၄,၉၃၄ ဦးရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP