နယူးယောက် ၆ ဧပြီ
နယူးယောက်မြို့ရှိ Bronx တိရစ္ဆာန်ရုံရှိ ကျားတစ်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်ဟု ဧပြီ ၅ ရက်နေ့တွင် တိရစ္ဆာရုံမှ ပြောကြားခဲ့သည်။ အဆိုပါကျားကို ပြုစုစောင့်ရှောက်သည့် လူမှတစ်ဆင့် ရောဂါကူးစက်ခံရခြင်း ဖြစ်သည်ဟုလည်း ယူဆရသည်။ ယင်းကျားကို စောင့်ရှောက်ရသည့် ဝန်ထမ်းတွင်လည်း ရောဂါလက္ခဏာများ ပြသနေပြီဖြစ်သည်။ ယင်းကျားမှာ အသက် ၄ နှစ်အရွယ်ဖြစ်ပြီး နာဒီရာ ဟု အမည်ပေးထားသည်။ နာဒီယာသည် ၎င်း၏အမဖြစ်သူ အက်ဇူ၊ အခြား ကျားနှစ်ကောင်၊ အာဖရိက ခြင်္သေ့ သုံးကောင်တို့နှင့်အတူ နေထိုင်ပြီး ၎င်းတို့အားလုံး ချောင်းဆိုးရာမှ သက်သာလာပြီဖြစ်သည်။ မကြာမီအချိန်အတွင်း အားလုံးပြန်ကောင်း လာမည်ဟု မျှော်လင့်ထားကြောင်း တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့က သတင်းထုတ်ပြန် ကြေညာသည်။ ကျားတစ်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် မည်သည့် အကြောင်းကြောင့် ကူးစက်ခံရသည်ကို မသိရသေးကြောင်း အခြားသော မျိုးစိတ်များသည် ကိုရိုနာဗိုင်းရပ်စ်ကို မတူညီသည့် နည်းလမ်းများဖြင့် တွန်းလှန်ကြကြောင်း၊ ၎င်းတို့ကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ပြီး မကြာခင် နေကောင်းလာရန်လည်း မျှော်လင့်ကြောင်း တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့က ပြောသည်။
နယူးယောက်မြို့ရှိ တိရစ္ဆာန်ရုံနှင့် ငါးပြတိုက်တို့ကို မတ် ၁၆ က စတင်ပိတ်ထားပြီး နယူးယောက်မြို့တွင် သေဆုံးသူအရေအတွက်မှာ ၄၀ဝ၀ အထိ ရှိနေပြီဖြစ်သည်။
အေအက်ဖ်ပီ


