ဆန်ဖရန်စ္စကို ၆ ဧပြီ

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေး အင်စလီကက ဝါရှင်တန်ပြည်နယ်မှ အသက်ရှုအထောက်အကူပြု ကိရိယာ ၄၀၀ ကျော်ကို ကိုဗစ်-၁၉ ကူးစက်မှု အဆိုးရွားဆုံး ခံစားနေရသည့် ပြည်နယ်များသို့ ပေးပို့သွားမည်ဟု ဧပြီ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ အသက်ရှုအထောက်အကူပြု ကိရိယာများကို နယူးယောက်အပါအဝင်၊ အခြားသောပြည်နယ်များသို့ ပေးပို့သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

ဝါရှင်တန်ပြည်နယ်မှ ကိုဗစ် -၁၉ ပြန်လည်တုန့်ပြန်ရေး ညွှန်ကြားရေးမှူး ရာကွယ် ဘိုနိုက ကျွန်တော်တို့ အသိုက်အဝန်းတွင် ကိုရိုနာဗိုင်ရစ် ကူးစက်ခံရမှုမှာ ထင်ထားသည်ထက် နည်းပါးနေကြောင်း၊ ကျွန်တော်တို့၏ လတ်တလော အခြေအနေအရ အခြားသော အရေးပေါ် အကူအညီ လိုအပ်နေသူများကို ကူညီနိုင်သည့် အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံကလည်း အသက်ရှု အထောက်အကူပြု ကိရိယာပေါင်း ၁၀၀၀ ကို ဧပြီ ၅ ရက်နေ့က နယူးယောက်သို့ လှူဒါန်းခဲ့သည်ဟု အုပ်ချုပ်ရေမှူး အန်ဒရူးကူမို က ပြောသည်။ အဆိုပါ အသက်ရှုအထောက်အကူပြု ကိရိယာများသည် ဂျေအက်ဖ် ကေ လေဆိပ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့သည်။ 

ဆင်ဟွာ