၆ ဧပြီ

ဗြိတိန်နိုင်ငံဘုရင်မကြီးက ကိုရိုနာဗိုင်းရပ်စ်ပိုး COVID-19 ရောဂါ မပျံ့ပွားအောင် အစိုးရရဲ့ အကြံပြုချက်အတိုင်း အိမ်ထဲမှာ နေထိုင်နေတဲ့ ပြည်သူပြည်သားတွေကို ကျေးဇူးတင်ကြောင်း ပြောကြားပါတယ်။

 

အသက် ၉၃ နှစ်အရွယ် ဘုရင်မကြီးရဲ့ မိန့်ခွန်းဟာ ကမ္ဘာ့ကပ်ရောဂါကို အောင်မြင်အောင် တိုက်ထုတ်နိုင်မယ်။ အဲဒီအောင်မြင်မှုကို လူတစ်ယောက်ချင်းစီက ပိုင်ဆိုင်ရမှာ သာဖြစ်တယ်လို့ ဝင်ဆာရဲတိုက်ကနေ အသံသွင်းထားတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။ ဘုရင်မကြီးက ဝင်ဆာရဲတိုက်ကို မတ်လ ၁၉ ရက်နေ့ကစပြီး ကာကွယ်တဲ့အနေနဲ့ပြောင်း လဲနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ဘုရင်မကြီးမိန့်ခွန်းထဲမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်းနဲ့ ဗြိတိန်နိုင်ငံသူ နိုင်ငံသားတွေ နဲ့ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ကပ်ရောဂါကို တုံ့ပြန်ပုံကို ဂုဏ်ယူကြောင်း၊  အားလုံး ညီညီညွှတ်ညွှတ်နဲ့ဒီရောဂါကို တိုက်ဖျက်မယ်ဆိုရင် အားလုံးအောင်မြင်မှုကို ရရှိမယ်လို့ ပြောဆိုပါတယ်။

 

ဒါ့အပြင့် ဘုရင်မကြီးနဲ့ သူညီမတော်တို့ရဲ့ ဒုတိယကမ္ဘာစစ်အတွင်းက လန်ဒန်မှာ ဗုံးကျဲခံရတဲ့အတွက် သူတို့အား ဝင်ဆာရဲတိုက်ကို နေရာရွှေ့ပြောင်းပေးခံပုံအတွေ့အကြုံကို အခုဗိုင်းရပ်စ်ကြောင့် လူတွေ တကွဲတပြားစီ နေထိုင်ရပုံနဲ့ ယှဉ်ပြီးပြောကြားရာတွင် မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ အားလုံးဟာ  အဆိုးတွေ ပြီးဆုံးသွားချိန်မှာ ပြန်တွေ့ကြမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁.၂ သန်းကျော် ရောဂါခံစားနေရပြီး သေဆုံးသူဟာလည်း  ၆၉၀,၀၀၀ ရှိနေပြီဖြစ်ပါတယ်။ ဧပြီ ၆ ရက်နေ့ ထုတ်ပြန်တဲ့စာရင်းအရ ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၇,၈၀၆ ဦးရှိပြီး သေဆုံးသူ ၄,၉၃၄ ဦးရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP