ရန်ကုန် ၆ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ တပင်ရွှေထီးလမ်း၊ (၁၂)ရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၂ နာရီက မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာခဲ့သည်။
မွန်းလွဲ ၂ နာရီ ၆ မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာပြီး ၂ နာရီ ၁၀ မိနစ်အချိန်တွင် Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၂၆ မိနစ်အချိန်တွင် မီးထိန်းကာ ၂ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဦးစီးဌာနမှ သိရသည်။
MDN
Crd- Myanmar Fire Service Department


