နေပြည်တော် ၇ ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကံမကျေးရွာနေ မျိုးကို (၄၈)နှစ် မောင်းနှင်ပြီး ညောင်ဂျစ်ပင်ကျေးရွာနေ ကျော်ထွန်း (၂၈)နှစ် လိုက်ပါလာသည့် 8H-xxxx Nissan ယာဉ်သည် ဧပြီ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က ဘီစကစ်မုန့်ဖာများနှင့် အာဟာရနို့မှုန့်ထုပ်ဖာများအား တင်ဆောင်လျက် နန်းယွန်းမြို့သို့ ပို့ဆောင်ရန် တနိုင်း-ရှင်ဗွေယန် ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ရှင်ဗွေယန်မြို့ တဆိတ်ကျေးရွာအဝင်ရှိ ဘေလီသံဘောင်အမျိုးအစား တဆိတ်ချောင်းကူးတံတားပေါ် အရောက်၌ ယာဉ်/ကုန်၏တန်ချိန်မှာ တံတားခံနိုင်ဝန်ထက် ကျော်လွန်နေသဖြင့် တဆိတ်ကျေးရွာဘက်ခြမ်းတွင် အလျား ပေ ၆၀ ခန့် ကျိုးကျပျက်စီးသွားကြောင်း သိရသည်။

 

တံတားကျိုးကျမှုကြောင့် မျိုးကိုပါ ၂ ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မျိုးကိုအား ရှင်ဗွေယန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား