၇ ဧပြီ

 

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် အရေးပေါ်အခြေအနေကို ဒီကနေ့(အင်္ဂါနေ့)မှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြေညာလိုက်ပါတယ်။

 

တိုကျိုအပါအဝင် ဒေသ ၇ ခုမှာ နေထိုင်တဲ့ ပြည်သူတွေကို အိမ်တွင်းမှာ နေထိုင်ရန်နဲ့ စီးပွားရေးလုပ်ငန်းတွေပိတ်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကနေ အကြောင်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

 

ဝန်ကြီးချုပ် အာဘေးက အရေးပေါ်အခြေအနေ ကြေညာတယ်ဆိုပေမယ့် နိုင်ငံခြားမှာ တွေ့ရသလိုမျိုး အားလုံးပိတ်ဆို့လိုက်တာ မဟုတ်ဘူး။ ရောဂါကူးစက်မှုကို တားဆီးမှာဖြစ်တယ်။ စီးပွားရေးနဲ့  အများသုံး သယ်ယူပို့ဆောင်ရေးလို လူမှုဝန်ဆောင်မှုတွေကို ဆက်လက်ထားရှိမယ်လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရောဂါကူးစက်ခံရသူ ၁၄၃ ဦးနဲ့အတူ တိုကျိုမြို့မှာ ရောဂါကူးစက်မှု ဆက်တိုက်ဖြစ်နေတဲ့အတွက် အစိုးရကို အရေးပေါ်အခြေအနေ ကြေညာရန် ဖိအားတွေရှိနေပါတယ်။

 

တိုကျိုအုပ်ချုပ်ရေးမှူးက တိုကျိုမှာ နေထိုင်သူတွေကို မလိုအပ်ရင် အပြင်မထွက်ဖို့နဲ့ အိမ်မှနေ အလုပ်လုပ်ရန် (work from home) မေတ္တာရပ်ခံထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အရေးပေါ်အခြေအနေ ကြေညာခြင်းအားဖြင့် ဉပဒေအရ တင်းကျပ်နိုင်ရန် အစိုးရအား တွန်းအားပေးခဲ့ပါတယ်။

 

အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ တိုကျိုအပါအဝင် ဒေသ ၇ ခုမှာ အဲဒီဉပဒေဟာ လချီပြီး ကြာမြင့်နိုင်မယ်လို့ သိရပါတယ်။

 

MDN

ကိုးကား - AFP