၁၁ ဧပြီ
ဘီတဲလ် တေးဂီတအဖွဲ့ရဲ့ နှစ်၅၀ ပြည့် အထိမ်းအမှတ်အဖြစ် သောကြာနေ့က အွန်လိုင်းလေလံတင်ပွဲမှာ ဆာပေါလ်မက်ကာသီ ရေးသားထားတဲ့ 'Hey Jude' သီချင်းလက်ရေးမူကို အမေရိကန် ဒေါ်လာ ၉၁၀,၀၀၀ နဲ့ရောင်းချခဲ့ကြောင်း သိရပါတယ်။
အဲဒီသီချင်းလက်ရေးမူဟာ ဆာ မက်ကာသီရဲ့ ဖောင်တိန်နဲ့ရေးထားတာ ဖြစ်ပြီး အဲဒီလက်ရေးမူဟာ ၁၉၆၈ ခုနှစ်ကလန်ဒန်မြို့က ထရီဒန့်တေးသံသွင်းမှာ အသံသွင်းခဲ့တဲ့ ဂန္ဓဝင်သီချင်း ဖြစ်ပါတယ်။ ခန့်မှန်း ဈေးနှုန်းထက် ငါးဆကျော် တဲ့ ဈေးနဲ့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
ဂျွန်လီနွန်ဟာ ပထမဇနီး စင်သီယာနဲ့ ကွာရှင်ပြီး ဂျပန်အနုပညာရှင် ယိုကို အိုနို နဲ့အကြောင်းပါနေချိန်မှာ မက်ကာသီက ဂျွန်လီနွန်ရဲ့ သား ဂျူလီယန်အတွက် ရေးသားပေးတဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းခေါင်းစဉ်ရဲ့ မူလ နာမည်က “Hey Jules” ဖြစ်ပါတယ်။
သောကြာနေ့က ရောင်းချခဲ့တဲ့ အွန်လိုင်းလေလံပွဲမှာ ဘီတဲလ်အဖွဲ့ရဲ့ ၁၉၆၄ ခုနှစ် ပထမဦးဆုံး အမေရိကန်ဖျော်ဖြေပွဲမှာ အသုံးပြုခဲ့တဲ့ ဘီတဲလ်အဖွဲ့ လိုဂိုကို အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ နဲ့ ရောင်းချခဲ့သလို "Hello, Goodbye" ရဲ့ ဗီဒီယိုတေးသီချင်း ဇာတ်ညွှန်း လက်ရေးမူ စာရွက်က အမေရိကန်ဒေါ်လာ ၈၃,၂၀၀ ၊ ၁၉၆၀ ခုနှစ် ဝန်ကျင်းက Abbey Road တေးသံသွင်းမှာ ရင်ဂိုစတား အသုံးပြုခဲ့တဲ့ ဆေးလိပ်ပြာခွက်ကတော့ အမေရိကန်ဒေါ်လာ ၃၂,၅၀၀ ရရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


