၁၁ ဧပြီ
အမေရိကန်နိုင်ငံမှာ သောကြာနေ့က ၂၄ နာရီအတွင်း သေဆုံးသူ ၂၁၀၈ ဦး သေဆုံးခဲ့တဲ့အတွက် တစ်ရက်တည်းနဲ့ ၂၀၀၀ ကျော် သေဆုံးခဲ့တဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် ထုတ်ပြန်ချက်အရ သိရပါတယ်။
အမေရိကန်နိုင်ငံမှာ သေဆုံးစုစုပေါင်း ၁၈,၇၄၇ ဦးနှင့် အီတလီနိုင်ငံမှာ ၁၈,၈၄၉ ဦး သေဆုံးခဲ့ရာ ကမ္ဘာကပ်ရောဂါကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ နှစ်နိုင်ငံ ဖြစ်လာပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း လူပေါင်း ၃၅,၀၉၈ ဦး ရောဂါပိုးကူးစက်ခံရတဲ့အတွက် စုစုပေါင်း ရောဂါကူးစက်ခံသူ လူငါးသိန်းကျော် ရှိလာပြီလို့ သိရပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်ဟာ ကပ်ရောဂါကို အဆိုးရွားဆုံးခံရတဲ့ ဒေသဖြစ်ပါတယ်။ နယူးယောက်ပြည်နယ် တစ်ခုတည်းမှာ ရောဂါကူးစက်ခံရသူ ၁၆၀,၀၀၀ နီးပါးရှိတဲ့အတွက် ဉရောပမှာ ရောဂါကူးစက်မှု အများဆုံးဖြစ်တဲ့ အီတလီနဲ့ စပိန်နိုင်ငံတို့ထက် ပိုများကြောင်း သိရပါတယ်။ ဒါ့အပြင် နယူးယောက်ပြည်နယ်မှာ သေဆုံးသူ ၇,၈၀၀ ရှိသွားပဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ စီပွားရေးအချက်အခြာဖြစ်တဲ့ နယူယောက်မှာ လူပေါင်း ၈.၆ သန်း နေထိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် နယူရောက်စီးတီမှာလည်း တစ်နှစ်ကို လာရောက်လည်ပတ်သူ သန်း ၆၀ ကျော်ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


