၁၃ ဧပြီ
အီကွေဒေါနိုင်ငံ ဂွာရာကွေးမြို့ရှိ နေအိမ်တွေမှ အလောင်း ၈၀၀ ခန့်ကို ရဲတွေက ရွှေ့ပြောင်းပေးခဲ့ရကြောင်း အစိုးရက ပြောပါတယ်။ ဂွာရာကွေးမြို့ဟာ နိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ဗဟိုချက်မ ဖြစ်ခဲ့ရတဲ့အတွက် အရေးပေါ်ကျန်းမာရေးစနစ်နဲ့ နာရေးကူညီရေးလုပ်ငန်းတွေဟာ ပျက်စီးသွားသလို ဖြစ်ခဲ့ရပါတယ်။
ရေခဲတိုက်လုပ်သားတွေဟာ လူသေလောင်းတွေကို နိုင်နင်းအောင် သိမ်းဆည်းနိုင်ခြင်းမရှိတော့တဲ့အတွက် လမ်းမတွေပေါ်မှာ အလောင်းတွေ ရှိနေခဲ့တာကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ခဲ့ကြရပါတယ်။
ရဲနဲ့ စစ်သားတွေပါဝင်တဲ့ ကူညီရေးအဖွဲ့ရဲ့ ဉီးဆောင်သူ ဂျို့ဝပ်ဒ် က သူတို့အဖွဲ့က နေအိမ်တွေကနေ အလောင်းပေါင်း ၇၀၀ ကျော်ကို ဖယ်ရှားခဲ့ရကြောင်း၊ အလောင်း ၆၀၀ ကို တာဝန်ရှိသူတွေက မြုပ်နှံပေးပြီးဖြစ်ကြောင်း၊ အလောင်းတွေဟာ ဘာကြောင့်သေတယ်ဆိုတာတော့ ဝပ်ဒ်က ပြောကြားခြင်း မရှိပါဘူး။
အီကွေဒေါနိုင်ငံမှာ ဖေဖော်ဝါရီလကတည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ ပထမဦး လူနာကို တွေ့ရှိခဲ့ပြီး အခုချိန်မှာ လူပေါင်း ၇,၅၀၀ လောက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သိရပါတယ်။
ပင်လယ်ကမ်းခြေ ဂွာရာဒေသမှာတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိရာ အဲဒီဒေသရှိ မြို့တော် ဂွာရာကွေးမှာ လူပေါင်း ၄,၀၀၀ ဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း အစိုးရထုတ်ပြန်ချက်အရ သိရပါတယ်။
ဂွာရာကွေးမြို့မှ အလောင်းတွေကို သီတင်းသုံးပတ်ကြာ သင်္ဂြိုဟ်ပေးခြင်း
လုပ်ဆောင်ပြီးနောက် သင်္ဂြိုဟ်ရန် ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့တဲ့အတွက် ၁၅ နာရီတိတိ ကာဖျူးထုတ်ပြန်ပြီး ရဲနဲ့ စစ်သားတွေက အလောင်းတွေကို သဂြိုလ်ပေးခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


