၁၃ ဧပြီ

 

ရုရှားအစိုးရက ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားရာ ဗဟိုဖြစ်လာတဲ့ မော်စကိုမြို့ရဲ့ အသွားအလာတွေ ပိတ်ပင်လိုက်ပြီး မြို့ခံတွေရဲ့ အသွားအလာကို စောင့်ကြည့်နိုင်တဲ့ ဒီဂျစ်တယ်စနစ်အသုံးပြုပြီး သွားလာခွင့်ကို ကန့်သတ်တော့မှာ ဖြစ်ပါတယ်။

 

အဲဒီခွင့်ပြုချက်ကို ဒီကနေ့ကစပြီး အွန်လိုင်းတွင် လျှောက်နိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီစနစ်ကို ဗုဒ္ဓဟူးနေ့မှာ စတင်လည်ပတ်မှာဖြစ်ပြီး မြို့ခံတွေ ဘယ်ကိုသွားမယ်ဆိုတာကို တာဝန်ရှိသူတွေက စောင့်ကြည့်မှာဖြစ်ပါတယ်။

 

မြို့ခံတွေက အိမ်အပြင်ထွက်တိုင်း ဒီဂျစ်စနစ်ကို အသုံးပြုထားတဲ့ ခွင့်ပြုလက်မှတ်ကို လျှောက်ထားရမှာဖြစ်ပြီး မြို့ခံတွေက ခွေးနဲ့ လမ်းလျှောက်ထွက်ခြင်း၊ အမှိုက်ပစ်ခြင်း၊ အိမ်အနီးက ဈေးဆိုင်သွားခြင်းနဲ့ ဆေးဆိုင်သွားခြင်းတွေကိုသာ ခွင့်ပြုမှာဖြစ်ပါတယ်။

 

ရုရှားနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၅,၇၇၀ ဦးရှိပြီး သေဆုံးသူ ၁၃၀ ဦးရှိကြောင်း ထုတ်ပြန်ပေမယ့် သေဆုံးသူအရေအတွက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

 

လူဦးရေ ၁၂ သန်းကျော်နေထိုင်တဲ့ မော်စကိုမြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀,၁၅၈ ဦးနဲ့ သေဆုံးသူ ၇၂ ဦးရှိတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားရာ အဓိကနေရာဖြစ်လာခဲ့ပါတယ်။

 

မော်စကိုမြို့ဟာ မတ် ၃၀ ကစပြီး အသွားအလာ ပိတ်ဆို့ (lockdown) ခဲ့ပါတယ်။

MDN
ကိုးကား - AFP