စာရေးသူနွေကိုတူး(ပခုက္ကူ) ပြုစုရေးသားသည့် ဆောင်းနှောင်းရွက်ကျန် နွေလက်ပံစာအုပ် ထွက်ရှိလာသည်။

 

အဆိုပါစာအုပ်တွင် နှလုံးသားကိုမြစ်ဖျားခံလာသော ခံစားချက်များကို လူမှုအသိုက်အဝန်းအတွက် အေးချမ်းသာယာစေလိုသော ရည်ရွယ်ချက်ဖြင့် ရေးဖွဲ့ထားသည့်အပြင် လောကအကြောင်း၊ ဓမ္မအကြောင်း၊ ရာဇကြောင်း၊ လူ့အဇ္ဈတ္တကြောင်းတို့ကို အသံ၊ ကာရန်၊ အက္ခရာတို့ဖြင့် ပုံဖော်ရေးဖွဲ့ ထားသဖြင့် ရသတစ်ခုပေးစွမ်းနိုင်သော စာအုပ်တစ်အုပ် ဖြစ်သည်။

 

စာအုပ်ကို ရှင်မတောင်စာပေ၊ အမှတ်-၂၉၆၊ ၁/အနော်မာ အရှေ့ (၇) လမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-ဝ၉ ၄၂၀ဝ၇၈၇၆၇နှင့် ဝ၉ ၇၃၂၂၄၁၃၇တို့မှ တန်ဖိုးငွေကျပ် ၃၀ဝ၀ဖြင့် ဖြန့်ချိထားသည်။

 

ကြေးမုံ(စာအုပ်စင်)