၁၆ ဧပြီ
ဗြိတိန်အစိုးရက တစ်နိုင်ငံလုံး အသွားအလာပိတ်ဆို့မှု lockdown ချထားတဲ့ရက် ကုန်ဆုံးမယ့် ဒီနေ့မှာ နောက်ထပ် သီတင်းသုံးပတ်အထိ အသွားအလာပိတ်ဆို့မယ်လို့ ကြေညာလိုက်ပါတယ်။
ယာယီဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒိုမနစ် ရက်ဘ် က “ဗိုင်းရပ်စ်ကူးစက်နှုန်းဟာ အမြင့်ဆုံးရောက်နေတယ်။ သေဆုံးသူတွေ ရှိလာအုံးမယ်” လို့ သတိပေးပြောကြားပါတယ်။
ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က “ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် အစိုးရအဖွဲ့ အစည်းအဝေးမတိုင်မီ အပြောင်းအလဲတွေ လုပ်ဖို့ဆိုတာ စောသေးတယ်။ သေဆုံးနှုန်း အမြင့်ဆုံး ရောက်ပြီးပေမယ့် ပြန်လည်ကျဆင်းလာခြင်း မရှိသေးဘူး။ ဗြိတိန်နိုင်ငံသား အများအပြားဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတာတွေ့ရတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အပြင်ထွက်တာနဲ့ လိုအပ်တဲ့ပစ္စည်း ဝယ်ယူဖို့ကလွဲရင် အပြင်မထွက်ကြဘူး။ အခုလို လုပ်ဆောင်နေတာကို အလကား မဖြစ်စေချင်ဖူးလို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ဉပဒေအရ အသွားအလာပိတ်ဆို့ခွင့်က ၂၁ ရက် တားမြစ်လို့ရကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


