နေပြည်တော်  ၁၆  ဧပြီ

 

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉) နာရီ၊ (၁၇) မိနစ်၊ (၁၇) စက္ကန့်အချိန်တွင် ဟားခါး မြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၂၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ အရှေ့တောင်ဘက်(၂၅)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၂ ဒသမ ၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၀၂) ဒီဂရီ၊ အနက်(၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၁)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

MDN