၁၇ ဧပြီ

 

ကိုရိုနာဗိုင်းရပ်စ် COVID -19 ရောဂါကြောင့် ရုတ်နိုင်ငံ ဝူဟန်မြို့မှာ သေဆုံးသူ အရေအတွက် ၅၀ ရာခိုင်နှုန်း ယနေ့တွင် ရုတ်တရက် တိုးမြှင့်လာတာကို တွေ့ရပါတယ်။ အဲဒီစာရင်းဟာ သေဆုံးသူစာရင်း မသွင်းမိခြင်း သို့မဟုတ် မှားယွင်းစာရင်း ပို့တဲ့အတွက်သာဖြစ်တယ်လို့ တရုတ်နိုင်ငံက သတင်းထိန်ချန်ထားတာ မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူက တုံ့ပြန်လိုက်ပါတယ်။

 

ဝူဟန်မြိုရဲ့ သေဆုံးသူအရေအတွက်ထဲမှာ ၁၂၉၀ ဉီးကို နောက်တိုးအဖြစ် ထပ်တိုးထည့်ပြီး လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ကြေညာတာဖြစ်ကြောင်း ဝူဟန်မြို့အုပ်ချုပ်ရေးပိုင်းက ပြောပါတယ်။ အဲဒီလို သေဆုံးသူအရေအတွက် တိုးမြှင့်လိုက်တဲ့အတွက် ဝူဟန်မြို့တွင် သေဆုံးသူ ,၈၆၉ ဦး ဖြစ်သွားပြီး တစ်နိုင်ငံလုံးတွင် သေဆုံးသူ ,၆၃၂ ဦးရှိကြောင်း တရုတ်အစိုးရရဲ့ သောကြာနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အမေရိကန်နိုင်ငံက ဦးဆောင်ပြီး အင်အားကြီးအနောက်နိုင်ငံတွေက ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အပေါ်မှာ တရုတ်နိုင်ငံက ပွင့်လင်းမြင်သာမှုမရှိကြောင်း သံသယတွေကြီးထားနေသလို  ဗိုင်းရပ်ပိုးဟာ ဝူဟန်မြို့က ဓါတ်ခွဲခန်းမှ စတင်ပေါ်ထွက်ပေါ်လာတဲ့ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် တရုတ်နိုင်ငံအပေါ် ဖိအားတွေ ပိုမိုများပြားလာပါတယ်။

 

တရုတ်အစိုးရကတော့ ဗိုင်းရပ်စ်ပိုးဟာ ဝူဟန်မြို့ရှိ တောရိုင်းတိရစ္ဆာန်တွေအား စားသုံးရန်ရောင်းချတဲ့ဈေးမှ စတင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဝူဟန်မြို့က ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနကတော့ မြို့မှာရှိတဲ့ သေဆုံးသူ အရေအတွက် အမှားအယွင်းနဲ့ ပတ်သတ်ပြီး ကျန်းမာရေးဝန်ထမ်းတွေက ဗိုင်းရပ်စ်ပိုး ကူးစက်နှုန်း ကျဆင်းချိန်မှာ  မှတ်တမ်းတင်ရန် နောက်ကျခြင်း၊ မှတ်တမ်းမတင်မိခြင်းနဲ့ မှားယွင်းမှတ်တမ်းမိခြင်းကြောင့်သာ ဖြစ်ရကြောင်း ပြောပါတယ်။ ဒါ့အပြင် တချို့လူနာတွေက အိမ်မှာဘဲ ဆက်လက်နေထိုင်တဲ့အတွက် သူတို့သေဆုံးခြင်းကို သေချာမှတ်တမ်းမတင်မိလို့သာ ဖြစ်တယ်လို့ ပြောပါတယ်။

 

MDN
ကိုးကား - AFP