၁၇ ဧပြီ

 

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မြို့တော်မနီလာမှာ COVID-19 ရောဂါ တိုက်ဖျက်ရန်အတွက် အသွားအလာ ပိတ်ဆို့ထားပေမယ့် လတ်တလောမှာ အသွားလာတွေ ပိုမိုပြုလုပ်နေတဲ့အတွက် အသွားအလာတွေ ရပ်သွားအောင် စစ်အုပ်ချုပ်ရေးလိုပုံစံမျိုးနဲ့ အုပ်ချုပ်မယ်လို့ ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့ တစ်လကတည်းက မနီလာကို ပိတ်ဆို့ထားရာ လမ်းမတွေဟာ ကန္တာရလို ဖြစ်သွားခဲ့ပေမယ့် အခုနောက်ပိုင်း ကားအသွားလာတွေများခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ အခြေအနေတွေကို ပြောဆိုပြီး နောက်တစ်ရက်မှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

ကြာသပတေးနေ့ညနေပိုင်းက ရုပ်မြင်သံကြားကနေ သမ္မတက မိန့်ခွန်းပြောကြားရာတွင်လူထုကို နည်းနည်းလောက် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာစေချင်တယ်။ မလိုက်နာဘူးဆိုရင် ရဲနဲ့ စစ်သားတွေက တာဝန်ယူသွားလိမ့်မယ်။ လူစုလူဝေးမလုပ်ဖို့ကို ကာဖျူးနဲ့ တားမြစ်မယ်။ အဲဒါက မာရှယ်လော လိုပုံစံမျိုး ဖြစ်မယ်။ ရွေးချယ်ကြပေါ့ခြိမ်းခြောက် ပြောကြားပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်နှုန်းဟာ  မတ်လကစတင်ပြီး တိုးမြင့်လာရာ လူဉီးရေ ၁၂ သန်း လောက်နေထိုင်တဲ့ မြို့တော်မနီလာနဲ့ နိုင်ငံမြောက်ပိုင်းက လူဇွန်ကျွန်းမှာ အသွားအလာ စောင့်ကြည့်မှုအောက်မှာ နေထိုင်ဖို့ သမ္မတက အမိန့်ပေးလိုက်ပါတယ်။ မသွားမဖြစ်တဲ့ အလုပ်သမားတွေသာ အပြင်ထွက်ရတာမျိုးနဲ့ ဆေးနဲ့အစားအစာသာ ထွက်ဝယ်ခွင့်ရတာမျိုးကိုသာ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် လူအများအပြားက စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လာတာ များပြားလာတာကို တွေ့ရပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၅၆၆၀ ဦးရှိပြီး သေဆုံးသူ ၃၆၂ ဦး ရှိကြောင်း ဧပြီ ၁၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါပေမယ့် ကူးစက်ခံရသူ ပိုများလာမယ်လို့ ထင်ကြေးပေးထားပါတယ်။

 

MDN
ကိုးကား - AFP