၁၇ ဧပြီ

 

ရုရှားအစိုးရက ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကုသရေးမှာ လူနာတွေကို ငှက်ဖျားဆေး hydroxychloroquine ကို သုံးပြီး ကုသဖို့ တရားဝင်ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အဲဒီဆေးရဲ့ အကျိုးသက်ရောက်မှု ရှိ၊ မရှိနဲ့ ဆေးသုံးစွဲသူရေး ကျန်းမာရေးလုံခြုံမှုတွေကို  စိုးရိမ်နေပေမယ့် ရုရှားအစိုးက ကြာသပတေးနေ့ ညနေပိုင်းက တရားဝင်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

ယခုထုတ်ပြန်ချက်ဟာ တရုတ်သမ္မတ ရှီနဲ့ ရုရှားသမ္မတ ပူတင်တို့ ကြာသပတေးနေ့ ညနေပိုင်းက တယ်လီဖုန်းကနေ ဆွေးနွေးအပြီး ထွက်ပေါ်လာခြင်းဖြစ်သလို တရုတ်အစိုးရကလည်း ငှက်ဖျားဆေး hydroxychloroquine အထုတ်ပေါင်း ၆၈,၀၀၀ ကျော်ကို ရုရှားအား လှူဒါန်းပေးပို့ထားပါတယ်။

 

ရုရှားအစိုးရထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူနဲ့ သံသယရှိသူ စောင့်ကြည့်လူနာတွေမှာ အသုံးပြုရန်ပြောကြားပြီး ဆေးရုံတွေမှာ အဲဒီဆေးကို ဖြန့်ချီထားပြီးဖြစ်ပါတယ်။ အဲဒီဆေးရဲ့ ကျိုးအပြစ်တွေကို နိုင်ငံတော်ရဲ့ ကျန်းမာရေးစောင့်ရေးအဖွဲ့က လေ့လာစောင့်ကြည့်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

 

Hydroxychloroquine ဆေးဟာ ငှက်ဖျားကုသရေးမှာ ဆယ်စုနှစ်နဲ့ချီပြီး အသုံးပြုနေတာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ် ကုသရေးအတွက် hydroxychloroquine ဆေးနဲ့ နောက်ထပ် ငှက်ဖျားဆေးဖြစ်တဲ့ chloroquine ကိုပါ စမ်းသပ်အသုံးပြုနေတာကို တွေ့ရပါတယ်။

 

အဲဒီဆေးနှစ်မျိုးလုံးမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ အထူးသဖြင့် သုံးစွဲဆေးပမာဏ များသွားတဲ့အခါမျိုးနဲ့ တခြားရောဂါအတွက် သောက်ဆေး၊ ထိုးဆေးတွေကို သုံးနေရတဲ့ ဆေးဝါးရှိနေရင် ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။

 

ဒါပေမယ့်လည်း ဗိုင်းရပ်ပိုးကို ကုသနိုင်တဲ့ ကာကွယ်နိုင်တဲ့ ဆေးမတွေ့ခင်မှာ ဗိုင်းရပ်စ်ပိုး တိုက်ခိုက်မယ့် ရှေ့ပြေးဆေးအဖြစ် ယူဆနေသူတွေလည်း ရှိနေကြောင်း သိရပါတယ်။

 

MDN
ကိုးကား - AFP