ဖလမ်း ၁၇ ဧပြီ

 

ဧပြီ (၁၇) ရက် မြန်မာစံတော်ချိန်  ၂၂ နာရီ၊ မိနစ် ၂၀ တွင် ဟာခါးမြေငလျင်စခန်းမှ အ‌ရှေ့-အရှေ့မြောက်ဘက် (၂၇)မိုင် ခန့်ကွာဝေးသော ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၅) မိုင်ခန့်အကွာတွင်  အင်အား ရစ် (ခ်) တာစကေး ၄ ဒသမ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် ၂၂ ဒသမ ၇၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၀၁ ဒီဂရီ၊ အနက် (၆) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN