ဖလမ်း ၂၁ ဧပြီ

 

ဧပြီ (၂၁) ရက်၊ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၅၈) မိနစ်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၁၅) မိုင်ခန့်ကွာဝေးသော ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၁၄) မိုင်ခန့်အကွာတွင်  အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါမြေငလျင်သည် မြောက်လတ္တီတွဒ် (၂၂ ဒသမ ၇၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃ ဒသမ ၈၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN