၂၂ ဧပြီ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ ထုတ်ပြန်ချက်များအရ ဧပြီ ၃ ရက်မှ ၂၂ ရက်အထိ မြန်မာနိုင်ငံ ပြည်တွင်း ငလျင်လှုပ်ခတ်မှု (၁၄)ကြိမ်အထိ လှုပ်ခတ်ခဲ့ပြီး ဆက်တိုက်ဆိုသလို လှုပ်ခတ်မှုများလည်း တွေ့ရသည်။

 

အဆိုပါ ငလျင်လှုပ်ခတ်များသည် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း ဧပြီ ၃ ရက်မှ စတင်ကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၆ ရက်တွင် တစ်ရက်တည်း (၄)ကြိမ်အထိ လှုပ်ခတ်ခဲ့သည်။ နေ့စဉ်ရက်ဆက်နီးပါး ပြည်တွင်းငလျင်လှုပ်ခတ်မှုများကို ဧပြီ ၁၅ ရက်နောက်ပိုင်းမှ ဧပြီ ၂၂ ရက်နေ့အထိ တွေ့ရသည်။

 

ငလျင်လှုပ်ခတ်မှုများတွင် အင်အားအနည်းငယ်ရှိသော ရစ်(ခ်)တာစကေး (၃ ဒသမ ၀) အဆင့်ရှိ ငလျင်လှုပ်ခတ်မှုနှင့်  အင်အားပြင်းထန်သော ရစ်(ခ်)တာစကေး (၆ ဒသမ ၁)အဆင့်ရှိ ငလျင်လှုပ်ခတ်မှုများကို တွေ့ရသည်။ ထို့ပြင် ဗဟိုပြုလှုပ်ခဲ့သည့် အနက်မီတာအနည်းဆုံး ငလျင်သည် (၃)ကီလိုမီတာ ရှိခဲ့ပြီး ဗဟိုပြုလှုပ်ခဲ့သည့် အနက်မီတာအများဆုံး ငလျင်သည် (၁၁၃)ကီလိုမီတာ  အထိရှိခဲ့သည်။

 

ယခုလအတွင်း ငလျင်လှုပ်ခတ်မှုများအနက် ဖလမ်းမြို့၏ အရှေ့တောင်ဘက်တွင် ငလျင်အများဆုံး လှုပ်ခတ်ခဲ့ပြီး (၆)ကြိမ်အထိ လှုပ်ခတ်ခဲ့ကြောင်း တွေ့ရသည်။

 

MDN

၂၀၂၀ ဧပြီလ ၃ ရက်မှ ၂၂ ရက်အထိ လှုပ်ခတ်ခဲ့သည့် ငလျင်များ -

 

1254686