၂၃ ဧပြီ
ယနေ့ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၄၀)မိနစ်၊ (၄၅)စက္ကန့် အချိန်တွင် အင်အား ရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၂၅)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မှော်ဘီမြို့၏ အနောက်တောင်ဘက် (၁၇)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၉၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၀)ဒီဂရီ၊ အနက် (၁၅)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားကြောင်း သိရသည်။


