(၂၀၂၀ ပြည့်နှစ်၊ မေလ (၁) ရက်နေ့ မြန်မာစံတော်ချိန်(၁၃:ဝ၀)နာရီအချိန်ထုတ်ပြန်ချက်)
"ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၉၆)နာရီ အတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိပြီး၊ မြောက်-အနောက် မြောက်ဘက်သို့ တစ်ဖြည်းဖြည်း ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ "
မိုးဇလ


