နေပြည်တော် ၇ မေ
ယနေ့ ည ၈ နာရီ ၁၆ မိနစ် ဝ၈ စက္ကန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် (၄၈)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏ တောင်ဘက် (၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၄၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၁) ဒီဂရီ၊ အနက် (၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN


