နေပြည်တော် ၁၇ မေ

 

၂၀၂၀ ပြည့်နှစ်၊ မေလ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (ဝ၂)မိနစ်၊ (၁၄)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် (၄၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ရမည်းသင်းမြို့၏ အနောက်မြောက်ဘက် (၅)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၄၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.ဝ၇)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။

 

မိုးဇလ