သတင်းဆောင်းပါး - ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
ပုံမှန်အသစ်ဆိုတဲ့ ဝေါဟာရကို စီးပွားရေးပညာမှာ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ပေါ်ပေါက်ပြီး အချိန် စတင်သုံးစွဲလာခဲ့တာဖြစ်တယ်။ အင်္ဂလိပ်လို new normal အရင်ပုံစံမဟုတ်တော့ဘဲ ပုံစံအသစ်ဖြစ်တာကို ရည်ညွှန်းခြင်း ဖြစ်တယ်။ တစ်ချိန်တုန်းက ထူးဆန်းတာတွေဟာ ရိုးသွားတာကိုလည်း ပြောခြင်းဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြီးနဲ့ ပတ်သက်လာရင် ဒီဝေါဟာရကိုပြန်ပြီး သုံးစွဲခဲ့တာဖြစ်တယ်။
ပုံမှန်အသစ်ဆိုတဲ့အကြောင်း မဆွေးနွေးမီ ကျွန်တော့်အနေနဲ့ ငန်းနက် (black wan) အကြောင်း တင်ပြချင်ပါ တယ်။ ဒီငန်းနက်သီအိုရီကတော့ စီးပွားရေး ပညာမှာသော်လည်းကောင်း၊ သင်သိပ္ပံပညာရပ်မှာ သော် လည်းကောင်း ၁၉ ရာစုကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ရိုခရိရှင်ရှင်တင်ပြရရင် တစ်ချိန်က သဘာဝသိပ္ပံပညာရှင်များဟာဝန်တွေကိုလေ့လာရာမှာ သူတို့တွေ့ရှိရတဲ့ ငန်းတွေအားလုံးဟာ အဖြူရောင်တွေ ဖြစ်နေတာတွေ့ရတယ်။ ဒါကြောင့် ငန်းဆိုရင် အဖြူရောင်သာဖြစ်ရမယ်ဆိုတဲ့ အယူအဆ ရှိကြတယ်။ စွဲလမ်းကြတယ်။ သူတို့စိတ်ထဲမှာဝန်းမှန်သမျှဖြူရမယ် ဆိုပြီး တစ်ထစ်ချ အယုံအကြည်ရှိနေကြတယ်။ ငန်းဟာ အဖြူရောင်သာဖြစ်ရမယ်ဆိုပြီး သတ်မှတ်ကြတယ်။ ဒီလို ယူဆနေတာကို ဥရောပကလူတွေ ဩစတြေးလျ နိုင်ငံရောက်သွားတဲ့ခါ ငန်းအနက်တစ်ကောင်ကို မထင်မှတ်ဘဲ တွေ့ခဲ့တယ်။ တစ်ချိန်လုံးငန်းဆိုရင် ဖြူရ မယ်ဆိုတဲ့ အစွဲအသိဟာ ချက်ချင်ပျက်ပြားသွားတယ်။ ငန်းအနက်ရှိတာကို မမျှော်လင့်ထားတာမို့ မမျှော်လင့်ဘဲ။ မထင်မှတ်ဘဲ ဖြစ်ပေါ်တွေ့ရှိလာတဲ့အရာအားလုံးကို ငန်းအနက်ဖြစ်ရပ်လို သတ်မှတ်လာခဲ့ကြတယ်။
မကြုံဖူးတဲ့ဖြစ်ရပ်
၂၀၁၉ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံဝူဟန်မြို့ကစပြီး ဖြစ်ပေါ်လာတဲ့ ကိုဗစ်-၁၉ ကို ငန်းအနက်ဖြစ်ရပ် အနေနဲ့သော်လည်းကောင်း၊ ပုံမှန်အသစ်အနေနဲ့သော် လည်းကောင်း သတ်မှတ်ကြတယ်။ အခုလို သတ်မှတ်မှုကို နားလည်သဘောပေါက်ဖို့ လိုအပ်တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြီးဟာ တစ်သက်မှာ တစ်ခါသာကြုံကြိုက် ရတဲ့ ငန်းအနက်ဖြစ်ရပ်ဖြစ်ပြီး အကျိုးဆက်ကတော့ ပုံမှန်အသစ်အခြေအနေတစ်ရပ်ကို ဖန်တီးတာဖြစ်တယ်။ တစ်ခါမှ မကြုံဖူးတဲ့ဖြစ်ရပ်ဖြစ်တယ်။ ကျွန်တော်တို့ ဘဝတွေကို အပြီးအပိုင်ပြောင်းလဲစေမယ့် အခြေအနေ တစ်ရပ်ဖြစ်တယ်။
ကိုဗစ်-၁၉ကို ငန်းနှက်လို့ပြေသလို ပုံမှန်သစ် လို့လည်း သတ်မှတ်ကြတယ်။ အခြေခံကတော့ ပြောင်းလဲမှုနဲ့ ပတ်သက်တာဖြစ်တယ်။ ပုံမှန်အသစ်ဟာ အစဉ်ပြောင်းလဲမှုကိုပြောတာ ဖြစ်တယ်။ ကျွန်တော်တို့ တစ်တွေဟာ အတိတ်ကသင်ခန်းစာရအောင် လုပ်ရမယ်။ အနာဂတ်အတွက်ပြင်ဆင်ပြီး ပစ္စုပ္ပန်မှာ ရှင်သန်အောင် ကြိုးစား သွားကြရမှာ။ ပုံမှန်သစ်က အရင်အတိုင်း ဆိုတာမရှိတော့ဘူးလို့ လက်ခံရမယ်။
ပြောင်းလဲမှုတစ်ရပ်ဟာ ကြီးမားလွန်းသာမို့လူတွေက မခံနိုင်ကြဘူး၊ မကြုံဖူးတဲ့အရာတွေ ဖြစ်တာမို့ မခံနိုင်ကြဘဲ လက်ကြတာ။ အရင်အတိုင်း ဖြစ်လိမ့် မယ်လို့လည်း မျှော်လင့်ထားကြတယ်။ အခုချိန်မှာ တစ်ကမ္ဘာလုံးက ကိုဗစ်-၁၉အကြောင်းကလွဲလို့ တခြား အရာတွေကို မစဉ်းစားနိုင်ကြဘူး။ မနက်အိပ်ရာထတဲ့ အချိန်ကစပြီး အိပ်ရာဝင်တဲ့ အထိတစ်ချိန်လုံး ဒီအကြောင်းပဲ စဉ်းစားကြတယ်၊ ပြောကြတယ်။ သတင်းတွေကိုလည်း အလုအယက်ကြည့်ကြ တယ်။ အထူးသဖြင့် ဖေ့စ်ဘွတ်ကိုအားကိုးကြတာ။ အခုချိန်မှာ ဝန်ထမ်းတွေဟာ အိမ်မှာနေကြရတယ်။ အိမ်ကတစ်ဆင့် အလုပ်လုပ်ခွင့်ရရင်ကံကောင်းတဲ့သူဖြစ်တယ်။ တချို့ဆိုရင် အလုပ်က အပြီးအပိုင် အနားပေးခြင်း ခံကြရတယ်။ ပုံမှန်အသစ်က အိမ်ထဲက အိမ်ပြင်ထွက်ဖို့ ခက်ခဲတယ်။ တားမြစ်ထားတာတွေ တစ်ဖက်က ရှိနေသလို ကိုယ်ကိုယ်တိုင်လည်း ကြောက်ပြီး မထွက်ရဲကြတာ။
အလုပ်ခွင်မှာ ဝန်ထမ်းတွေလျှော့ရတယ်။ အခုလို လိုက်တဲ့ဝန်ထမ်းတွေကိုတစ်ချိန်မှာ ပြန်ခန့်မယ်လို့အာမခံဖို့ ခဲယဉ်းတယ်။ ကျစ်ကျစ်လျစ်လျစ်နဲ့ နဂိုဝန်ထမ်းအရေအတွက် တစ်ဝက်လောက်နဲ့ အလုပ်တွေ လုပ်နိုင်အောင် ကြိုးစားနေကြတာ။ ဒီတော့ ဝန်ထမ်းတစ်ဝက်လောက်နဲ့ လုပ်နိုင်တာကို အတွေ့အကြုံရှိရင် အခြေအနေကပြောင်းလဲ ပြီး ပြန်ခန့်ဖို့ လွယ်မှာ မဟုတ်တော့ဘူး။
အရင်တုန်းက မိသားစုတွေ အားလပ်ချိန်မှာ အပြင်ထွက်ကြတယ်၊ လည်ပတ်ကြတယ်၊ စားသောက်ဆိုင်တွေ သွားကြတယ်။ အခုချိန်မှာ အပြင်မထွက်ဘဲ အိမ်မှာပဲ မိသားစုနဲ့အတူ နွေးနွေးထွေးထွေး နေထိုင်ကြတယ်။ တစ်ခါတလေ အစားအသောက် မှာစားကြတယ်။ ဒါက ပုံမှန်အသစ်၊ နောင်ဆိုရင် အခုလိုပဲ အိမ်မှာပဲနေပြီးအပြင် ထွက်ဖို့ ဝန်လေးမှာ စနေ၊ တနင်္ဂနွေဆို မြို့ပေါ်ကလူတွေက ဈေးဝယ်ထွက်ကြတယ်။ ဈေးဝယ်ရင်း ရုပ်ရှင်ကြည့် အစား အသောက်တွေစားပြီး အချိန်ကိုကုန်ခဲ့တယ်။ အခုတော့ ပစ္စည်းဝယ်တဲ့ပုံစံက လုံးဝပြောင်းလဲခဲ့ပြီ။ အိမ်မှာ နေရင်း အွန်လိုင်းကနေ လိုချင်တာကိုမှာပြီး ဝယ်နေကြတာ။ ဒါကြောင့် တစ်လအတွင်း အွန်လိုင်းအရောင်းအဝယ် လုပ်ငန်းတွေ တစ်ဟုန်ထိုး တိုးတက်လာခဲ့တယ်။ သွက်လက်လာတယ်။
ပညာရေးကဏ္ဍမှာ အကြီးအကျယ်ပြောင်းလဲမှုတွေကို ရင်ဆိုင်ရတယ်။ အားလုံးဟာ အွန်လိုင်းတက်ကြရတော့ မယ်။ အရင်တုန်းကလို မဟုတ်တော့ဘဲ ပညာရေး ကို မိမိလက်ကိုင်ဖုန်း၊ ကွန်ပျူတာကတစ်ဆင့် ရနိုင်တဲ့ အနေအထားရှိတယ်။
ထူးခြားတဲ့ ပုံမှန်အသစ်
ထူးခြားတဲ့ ပုံမှန်အသစ်တစ်ခုကို သတိထားမိတယ်။ အရင်တုန်းက အိမ်ခြံမြေအကျိုးဆောင်တွေဟာ တိုက်ခန်း ငှားချင်တဲ့သူ၊ အိမ်ဝယ်ချင်တဲ့သူတွေကို ရောင်းမယ့်သူ၊ ငှားမယ့်သူတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ပြီး အကျိုးဆောင်မှုလုပ်ကြတယ်။ ကျေနပ်မှုရှိအောင် ပြသ ရတယ်။ အခုချိန်မှာ ကိုယ်တိုင်ကိုယ်ကျသွားဖို့ မဖြစ် နိုင်တော့ဘူး။ ဒါကြောင့် အွန်လိုင်းကနေတစ်ဆင့် ကိုယ် ချင်တဲ့တိုက်ခန်း၊ ကိုယ်ဝယ်ချင်တဲ့ အိမ်ခြံတွေကိုကြည့်ပြီး အဆုံးအဖြတ်တွေ ပေးလို့ရလာပြီ။ ဒါဟာ ပုံမှန်အသစ်ဖြစ်တယ်။ ကျွန်တော်စိတ်ပူတာတစ်ခု ရှိတယ်။ တစ်လ ကျော်ကျော် အိမ်ထဲပိတ်မိနေသူတွေ အချိန်ရတာနဲ့ အမျှ မွန်းကျပ်လာကြတယ်။ စိတ်ဖိစီးမှုတွေ များလာတယ်။ ဒါကြောင့် ဒီကပ်ရောဂါကြီး မြန်မြန်ပြီးပါစေလို့ ဆုတောင်းနေကြတယ်။ ပြီးသွားရင် အရင်အတိုင်း လှုပ်ရှား နိုင်မယ်လို့ မြင်နေကြတယ်။ ထင်နေကြတယ်။ အရင်လိုမဟုတ်တော့ ဘူးဆိုတာကို လက်ခံဖို့ခက်တယ်။ မိမိရင်းနှီး တဲ့၊ ယဉ်ပါးတဲ့ နဂိုအခြေအနေ ပြန်ရောက်လိမ့်မယ်လို့ ထင်နေကြတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတွေပြန်ဖွင့်ဖို့ အစီအစဉ်တွေ ဆွဲနေကြတယ်။ ကျောင်းသားတွေကိုကျောင်းမှာစုပြီး နေ့လယ်စာကျွေးတဲ့ အစီအစဉ်တွေကို ရုပ်သိမ်းဖို့ စီစဉ်နေတယ်။ စာသင်ခန်းထဲမှာ တစ်စားပွဲနဲ့တစ်စားပွဲ ခြောက်ပေအကွာ အဝေးထားဖို့ စီစဉ်ကြ တယ်။ ကျောင်းတွေ ပြန်ဖွင့်ရင် အရင်ပုံစံ မဟုတ် ဘူး၊ တက္ကသိုလ်တွေမှာလည်း ကျောင်းသား အတန်းတွေအားလုံးကို ပိတ်လိုက်ပြီး အားလုံးကို အွန်လိုင်းက သင်နေကြပြီး၊ ဒါကပုံစံအသစ်ပဲ ဖြစ်တယ်။ အားကစားနဲ့ ပတ်သက်လာရင်လည်း အခုလိုပဲဖြစ်မယ်။ လူစုလူဝေးကို လုံးဝရှောင်ကြရမယ်။ ဒါက ပုံစံအသစ် ဖြစ်တယ်။
ပုံစံအသစ်ကို လူတွေက လက်ခံဖို့ ခက်ခဲမယ်။ စိတ်ထဲကလက်ခံဖို့ မလွယ်လှဘူး။ အရင်လိုပဲဆိုတာကို တွေးနေကြတာ။ ကိုဗစ်-၁၉ ရောဂါကို လျှော့တွက်နေကြတယ်။ ကာကွယ်ဆေးပေါ်လာရင် ပြဿနာ အားလုံး ပြီးပြီလို့ ထင်နေကြတယ်။ ကာကွယ်ဆေးပေါ်ဖို့ အချိန်လိုတယ်။ ပေါ်ပြီးတဲ့အချိန်မှာလည်း လူတိုင်း အတွက်လမ်းလှမ်းမီအောင် အတော်လုပ်ယူရမယ်။
ကျွန်တော်တို့အားလုံး လက်ဆေးတတ်နေကြပြီ။ နှာခေါင်းစည်းကိုတပ်ဖို့ ဝန်မလေးကြတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်နေလို့ မဖြစ်ဘူးဆိုတာ နားလည်ကြတယ်။ တတ်နိုင်ရင် အိမ်မှာပဲနေကြတယ်။ အမူ အကျင့် ဓလေ့ထုံးစံဆိုတာက ကာလတိုမှာပြောင်းလဲဖို့မလွယ်လှဘူး။ အနေအထိုင်ဆင်ခြင်ရမယ်လို့ သိပေမယ့် အကျင့်ပါနေတာ။
ကိုဗစ်-၁၉နဲ့ပတ်သက်ပြီးလိုအပ်တဲ့အကူညီတွေကို နိုင်ငံတော်က ဦးစီးပြီး ဆောင်ရွက်နေတယ်။ လုပ်ငန်းရှင် များကလည်း ပါဝင်ကြတယ်။ တစ်ဦးချင်း တစ်ယောက်ချင်းက ပါဝင်နေကြတယ်။ ကျွန်တော်တို့ လူမျိုးက အလှူအတန်းနဲ့ ပတ်သက်ပြီး ရက်ရောတယ်။ ဒါကြောင့်လည်း သတင်းတွေမှာ အလှူအတန်းလုပ်နေ တာကို ကြားရလို့ သာဓုခေါ်ပါတယ်။ ဒါပေမယ့် သတင်းတွေမှာအလှူအတန်း လုပ်နေပုံကိုမြင်ရတော့ စိုးရိမ်မိတယ်။ လှူတဲ့ပုံစံက မပြောင်းလဲသေးဘူး။ ဓာတ်ပုံတွေ ရိုက်ခံနေတယ်။ အလှူငွေပမာဏဖော်ပြတဲ့ အတွက် ကိုယ်လှူတဲ့သူနဲ့ အလှူလက်ခံတဲ့သူက ပူးတွဲပြီး ဓာတ်ပုံရိုက်ကြတယ်။ နံဘေးမှာလည်း လူတွေက တစ်ဦး နဲ့တစ်ဦး ပူးကပ်နေကြတာ။ ဓာတ်ပုံထဲ အားလုံး ပါဝင်အောင် အရိုက်ခံကြတယ်။ နှာခေါင်းစည်းတွေ တပ်ထား ကြသလို တချို့တွေကတော့ အရင်တိုင်းပဲ။ အခုလို လှူဒါန်းတဲ့ပုံစံကို ကိုဗစ်-၁၉ကာလမှာ ပြောင်းလဲသင့် တယ်။ အွန်လိုင်းနဲ့လှူနိုင်အောင်စီစဉ်ဖို့ လိုအပ်တယ်။ ပစ္စည်းတွေ လက်ခံတဲ့နေရာမှာ တစ်ဦးနဲ့တစ်ဦး ထိတွေ့ မှုအနည်းဆုံးဖြစ်အောင်လုပ်ဖို့ လိုအပ်တယ်။ ဒါပေမယ့် အလှူယဉ်ကျေးမှုကို ပြင်ဖို့ကတော့ ကာလတိုမှာ လွယ်မှာမဟုတ်သေးဘူး ထင်တယ်။ ငါးဦးထက်ပိုပြီး မစုဝေရဆိုတဲ့ အမိန့်ထုတ်ထားပေမယ့် တချို့နေရာတွေ မှာ ချိုးဖောက်နေကြတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ထားတဲ့ ညွှန်ကြားချက်တွေက လိုက်နာရမယ့်အရာတွေ။ အရင်ပုံစံနဲ့ လှုပ်ရှားနေဖို့ မသင့်တော့ဘူး။
လူတိုင်းမှာ တာဝန်ရှိ
ပုံစံအသစ်ကို ရောက်နေပြီ။ ဒီပုံစံအသစ်အတွင်း လှုပ်ရှားဖို့ လိုအပ်တယ်။ လူတိုင်းမှာ တာဝန်ရှိတယ်။ ဒီရောဂါပိုး ကိုယ့်မှာရှိတယ် မရှိဘူး မသိနိုင်တာမို့ သွားလာလှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံးဖို့ လိုအပ်တယ်။
အလုပ်တွေ အာရုံနဲ့ မိသားစုနဲ့ နွေးနွေးထွေးထွေး မနေနိုင်တဲ့ အခြေအနေက အခုလိုအိမ်မှာ နေကြတာ ပုံမှန် အသစ်သာ ဖြစ်တယ်။ ဒီပုံမှန်အသစ်ကို ကြိုဆိုပြီး နေထိုင်ကြဖို့ ဆန္ဒပြုရပါတယ်။ ပုံမှန်အသစ်ဘဝကို ကြိုဆိုကြပါစို့၊ ကျေကျေနပ်နပ်နဲ့ လှုပ်ရှားပြီး ရှင်သန် အောင်ကြိုးစားကြရမှာသာ ဖြစ်တယ်။ ။


