သတင်းဆောင်းပါး - ရွှေရည်ဝင်း(ပြန်/ဆက်)
ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လိုအပ်ချက်များထဲတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူ လျင်မြန်ခြင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ရခိုင်ပြည်နယ်မှ မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီးမှတစ်ဆင့် အခြားပြည်နယ်နှင့် တိုင်းသေကြီးများသို့ လည်းကောင်း၊ သံတွဲမြို့နယ်မှ တစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့လည်းကောင်း ဆက်သွယ်ထားသဖြင့် ရခိုင်ပြည်နယ်၏လမ်းပန်းဆက်သွယ်ရေးတွင် အဓိက အချက်အချာကျသော မြို့နယ်တစ်ခုဖြစ်ပေသည်။ မြို့နယ်မှ အခြားဒေသများသို့ ကူးသန်းဆက်သွယ် သွားလာရေးတွင် မော်တော်ကားလမ်းကိုသာ အဓိကအသုံးပြုနေကြ သည်။ ရေကြောင်းသွားလာမှုကားနည်းပါးလှသည်။
ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းသေကြီးကြားဆက်သွယ် သွားလာရေးတွင် မြို့ ၏အရှေ့ဘက်မှဆက်သွယ်ထားသည့် ရန်ကုန်-ဂွ-ငါးသိုင်းချောင်းလမ်း ၁၄၆ မိုင်ကို အသုံးပြုရ သည်။ ရခိုင်ရိုးမကို ဖြတ်ကျော်ဖောက်လုပ်ထားသည့် လမ်းဖြစ်၍ အကွေ့အကောက် ပေါများသည်။ နာမည် ကျော်ကြားလှသည့် ငပလီကမ်းခြေသို့ ရန်ကုန်မြို့မှသွားလို လျှင် ရန်ကုန်-ဂွ-ငါးသိုင်းချောင်းလမ်း ၁၄၆ မိုင် အပါအဝင် မိုင်ပေါင်း ၂၃၀ ခန့် ခရီးကို ၁၀ နာရီကျော်ကြာအောင်မောင်းနှင်ရသည်။ လမ်းခရီးအနည်းငယ်ကြမ်းတမ်းသဖြင့် ခရီးသွားပြည်သူများအား ပင်ပန်းစေသည်။
ကုန်စည်စီးဆင်းမှုမြန်ဆန်စေ
ထို့ကြောင့် အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် မိုင် ၁၇ဝ ကျော်ရှည်သည့် ကမ်းခြေပတ်လမ်းကိုနိုင်ငံတော်အစိုးရက ဧရာဝတီတိုင်းဒေသကြီး အစိုးရအားဦးဆောင်ဖောက်လုပ်အကောင်အထည်ဖော်စေခဲ့သည်။ ချောင်းသာ၊ ငွေဆောင်း ဂေါ်ရန်ဂျီကမ်းခြေနှင့် ရခိုင်ပြည်နယ်ရှိ ကမ်းခြေမြို့များကို ဆက်သွယ်ပေးမည့် ကမ်းခြေပတ်လမ်း ပေါ်ပေါက်လာပါက ရန်ကုန်မြို့မှ ငပလီကမ်းခြေသို့ခြောက်နာရီခန့်သာ မောင်းနှင်ခြင်းဖြင့် ရောက်ရှိနိုင်မည်ဖြစ်သည်။ အကွေ့အကောက် နည်းပါးကာ အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်၍ လူပင်ပန်း ခြင်းကိုလည်း သက်သာသွားစေမည်ဖြစ်သည်။ ထို့အပြင် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်စေကာ ဒေသဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အကူ ဖြစ်စေနိုင်သည်။
အဆိုပါ ကမ်းခြေပတ်လမ်း ဖောက်လုပ်ရာတွင် လမ်းနှင့်အတူ တံတားများကလည်း အဓိကကျသည့် အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အရေးပါသည့် တံတားများအနက် ယခုဆောက်လုပ်လျက်ရှိသည့် ဂွ-မကျေးငူ တံတားမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အကြား ဆက်သွယ်ပေးမည့် အဓိက တံတား တစ်စင်းဖြစ်သည်။
ယခင်က စိတ်ကူးဖြင့်သာ အကောင်အထည်ဖော် နေခဲ့သော အဆိုပါတံတားကို ယခုအချိန်တွင် နိုင်ငံတော် အစိုးရက လက်တွေ့အကောင်အထည်ဖော်၍ ပြည်ထောင်စု အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေမှ ကျပ်သန်း ၅၀၀ နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေမှ ကျပ် သန်း ၂၀၀၀ ဖြင့် ၂၀၁၉ခုနှစ်နိုဝင်ဘာ ၁၈ရက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဂွ-မကျေးငူ တံတားကိုဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၂) တံတားအထူး အဖွဲ့(၈)မှစီမံကိန်းတာဝန်ခံ ဦးသိန်းနိုင်(ဒုတိယညွှန်ကြား ရေးမှူး-မြို့ပြ)က တာဝန်ယူ၍တည်ဆောက်လျက် ရှိသည်။
တံတားတည်ဆောက်ရေးစီမံကိန်း၏ ခန့်မှန်းတန်ဖိုး မှာ တံတားနှင့် ချဉ်းကပ်လမ်းအပါအဝင် ကျပ်သန်း ၉၃၂၀ ဖြစ်သည်။ တံတားအရှည်မှာ ၁၃၉၈ ပေ ၉ လက်မ (၄၂၆ ဒသမ ၃၄ မီတာ) ဖြစ်သည်။ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေစီရှိပြီး ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေနှင့် ရေလမ်းကင်းလွတ် အမြင့် ပေ ၂၀ ဖြစ်သည်။ တံတားအမျိုးအစားမှာ အပေါ် ထည် PC Grider + သံကူကွန်ကရစ်ရက်မ + သံကူ ကွန်ကရစ်ကြမ်းခင်းဖြစ်ပြီး အောက်ခံမှာ သံကူကွန်ကရစ် နှင့် အုတ်မြစ်မှာ သံကူကွန်ကရစ်ဘိုးပိုင်တို့ ဖြစ်သည်။ ခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း ၇၅ တန်အထိ ဖြတ် သန်းသွားလာနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ လလယ်ပိုင်းက စတင်တည် ဆောက်ခဲ့သော အဆိုပါတံတားမှာ ယခု မေလလယ်ပိုင်း တွင် တံတားတည်ဆောက်ပြီးစီးမှုအနေဖြင့် ၂၄ ရာခိုင် နှုန်းခန့် ရှိပြီဖြစ်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ရန်ပုံငွေအပေါ် အသုံးပြုပြီးစီးမှုမှာ ၇၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း တံတား အထူးအဖွဲ့(၈)မှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မေမထွန်းထံမှ သိရသည်။
အချိန်တိုအတွင်းဆက်သွယ်သွားလာနိုင်
ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ကြား ဆက်သွယ်သွားလာနိုင်မည့် အဆိုပါမကျေးငူ တံတား တည်ဆောက်ပြီးစီးပါက ကမ်းခြေပတ်လမ်းအနေဖြင့် အချိန်တိုအတွင်း သွားလာနိုင်ခြင်း၊ ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်ကာ ဒေသတွင်း စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းနှင့် ရေလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုခြင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းများနှင့် စက်မှုမြို့တော်စီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်သွားနိုင်ခြင်း၊ အနောက်ဘက်ကမ်းခြေဒေသ၏ လုံခြုံ ရေးကိုပါ ပိုမိုဆောင်ရွက်လာ နိုင်ခြင်းနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ပြည်သူများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ အတွက် အခြားတိုင်းဒေသကြီးနှင့် မြို့နယ်များသို့ ဆက် သွယ်သွားလာမှုတွင် အချိန်တိုလွယ်ကူချောမွေ့ပြီး လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုပါများစွာအထောက်အကူဖြစ် လာစေမည်ဖြစ်ကြောင်း ဂုဏ်ပြု ရေးသားတင်ပြလိုက်ရ ပေသည်။


