၂၃ မေ

 

၂၀၂၀ ပြည့်နှစ်၊ မေလ (၂၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၄၁)မိနစ်၊ (၄၀)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၁၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ မြောက်လတ္တီတွဒ် (၁၄.၃၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၄)ဒီဂရီ၊ အနက် (၁၄၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

 

မိုးဇလ