(၂၀၂၀ ပြည့်နှစ်၊ မေလ (၂၃)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(ဝ၉:၃၀)နာရီ အချိန်ထိ မိုးလေဝသ တိုင်းထွာချက် အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီ အတွင်းက ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက် ကျား မိုး ထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန် တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မေလ ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီ ဂရိတ် ပိုခဲ့ပြီး၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ တပ်ကုန်းမြို့နှင့် မင်းဘူးမြို့တို့တွင် (၄၁)ဒီဂရီစင်တီဂရိတ်စီနှင့် ကြေးမုံ(စိုက်ပျိုးရေးမိုးလေဝသ)၊ မြင်းမူမြို့၊ လွန်ကျော်(စိုက်ပျိုးရေးမိုးလေဝသ)၊ ချောက်မြို့နှင့် မကွေး မြို့တို့တွင် (၄၀)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ချောင်းဆုံမြို့တွင် (၁.၅၄) လက်မ၊ မချမ်းဘောမြို့တွင် (၁.၄၂) လက်မ၊ ပူတာအိုမြို့တွင် (၁.၂၂)လက်မ၊ လှိုင်းတက်မြို့တွင်(ဝ.၈၇)လက်မ၊ မတူပီမြို့နှင့် ပေါင်မြို့တို့တွင် (ဝ.၅၅)လက်မစီ၊ ပလက်ဝမြို့တွင် (ဝ.၄၇) လက်မ၊ မိတ္ထီလာမြို့တွင် (ဝ.၄၃)လက်မ၊ မြောက်ဦးမြို့တွင် (ဝ.၃၉)လက်မနှင့် ထားဝယ်မြို့တွင်(ဝ.၃၅)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်း တို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ကချင်ပြည် နယ်တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် မုတ်သုံလေ ဆက်လက်အားနည်းနေမည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။
မိုးဇလ


