မင်းကင်း  ၈  ဇွန်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈) နာရီ၊ (၅၁) မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၆၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မင်းကင်းမြို့၏ အရှေ့တောင်ဘက်(၆)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၄.၅၆)ဒီဂရီ၊အနက်(၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

#မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန