နေပြည်တော် ၂၈ ဇွန်

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ လပတ်နှင့် ဇူလိုင်လ ပထမ (၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်များကို (၂၈.၆.၂၀၂၀) ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။
 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွက် မြစ်ရေအခြေအနေခန့်မှန်းချက်
.....................................................................................................


၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဧရာဝတီမြစ် ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ စစ်တောင်းမြစ် ရေသည် မဒေါက်မြို့တွင် (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ် ခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီမြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ ရွှေကျင်မြစ် ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တွင် (၁)ကြိမ်ခန့်စီ၊ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် (၁)ကြိမ်ခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁)ကြိမ်ခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်၊ ယင်းမြို့များ၏ စိုးရိမ်ရေ မှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ပထမ(၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်
.............................................................................................................................

 

ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့တွင် ၃-ပေမှ ၅ပေခန့်နှင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့ တို့တွင် ၁-ပေခွဲမှ ၃-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။


ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၆-ပေမှ ၈ပေခန့်နှင့် မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၄-ပေမှ ၆-ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

 

Crd > မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန