အဆိုတော် လင်းလင်း နှင့် ချစ်သုဝေတို့ ၏ သမီးငယ် ခေတ် နှင့် သစ် တို့၏ အမည်နှင့် ခေတ်သစ် ဖောင်ဒေးရှင်း တည်ထောင်

၁၈ ဇန်နဝါရီ 


အဆိုတော် လင်းလင်းနှင့် ချစ်သုဝေတို့၏ အမွှာသမီးငယ်လေးများဖြစ်သည့် သမီးကြီး မေမြန်မာခေတ်နှင့် သမီးငယ် မေမြန်မာသစ် တို့နှစ်ဦးကိုယ်စား လူမှုအကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် "ခေတ်သစ်" ဟုအမည်ပေးထားသော၊ ဖောင်ဒေးရှင်းကို ယခုလ ၁၇ ရက် မှာစတင်ပြီး၊ မီဒီယာများကိုအသိပေးခဲ့ပြီး ယင်းဖောင်ဒေးရှင်းကို တည်ထောင်လိုက်ကြောင်း သိရသည်။ အဆိုပါ ဖောင်ဒေးရှင်းအနေဖြင့် မွေးရာပါ နှလုံးအပေါက်ပါသူ ကလေးငယ်များကို စောင့်ရှောက်ကုသနိုင်ရန်အတွက် ရည်ရွယ်တည်ထောင်ကြောင်း သိရသည်။

123


"ညီမအနေနဲ့ ဒီဖောင်ဒေးရှင်းလေးစတင်ပြီး ဖြစ်လာတာကတော့၊ ကိုယ်တိုင်က ကလေးချစ်တတ်သူဆိုတော့  ကလေးချစ်တတ်တဲ့ သူဖြစ်တာမို့၊ ဒီလိုလေးစဉ်းစားထားခဲ့တာပါ၊ ကိုယ်တိုင်ပရဟိတလေးလုပ်ချင်တာကြောင့် သမီးလေးတွေနာမည်နဲ့ ဖောင်ဒေးရှင်းလေး လုပ်ဖြစ်ခဲ့တာပါ၊ ကိုယ်တွေက အနုပညာရှင်ဇနီးမောင်နှံတွေ ဖြစ်တော့၊ ကိုယ့်ရဲ့ ပရိသတ်တွေအတွက်ရော ကောင်းတာလေးတွေ ပေးချင်တာလည်းပါပါတယ်၊ ညီမတို့နိုင်ငံမှာ ကလေးတွေအတွက် ကျန်းမာရေး ဖောင်ဒေးရှင်း ဆိုတာရှားပါတယ်၊ အဲ့ဒါကြောင့် အသက်(၅) နှစ်အောက်ကလေးတွေရဲ့ ကျန်းမာရေးကို အဓိကထားစောင့်ရှောက်သွားမှာပါ၊ လတ်တလောအနေနဲ့ဆို နှလုံးအပေါက်ပါတဲ့ ကလေးငယ်လေးအတွက် လှူဒါန်းစောင့်ရှောက်တာတော့ရှိနေပါတယ်၊ ဒီကလေးတွေရဲ့ ဒုက္ခ၊ မိသားစု ရဲ့ ဒုက္ခတွေကို တစ်ဖက်ကနေ  ကူညီနိုင်တာမျိုးလည်းရှိပါတယ်၊ ဖောင်ဒေးရှင်းအတွက် ညီမတို့ သိန်း(၂၀ဝ) ကျပ်ကို မတည်ပြီး တည်ထောင်ခဲ့တာပါ " ဟု ခေတ်သစ် လူမှုကူညီရေး ဖောင်ဒေးရှင်းမှာ အလုပ်အမှုဆောင် ချစ်သုဝေက ပြောဆိုသည် ။


အဆိုပါ မွေးရာပါ နှလုံးရောဂါသည် အနေဖြင့် နိုင်ငံတော်အနေနှင့် ကြည့်လျှင် တတ်နိုင်မှုအားနည်းနေကြောင်း၊ ထို့အတွက်ကြောင့် ယခုကဲ့သို့ ဖောင်းဒေရှင်းများမှာ တတ်စွမ်းသ၍ ကူညီသောကြောင့် ထိရောက်စွာ ကုသနိုင်မှုတွေရှိလာကြောင်းသိရပြီး၊ ၎င်း လှူဒါန်းမှုများကို စဉ်ဆက်မပြတ် ထိရောက်စွာ လှူဒါန်းနိုင်ရန်အတွက်၊ သမီးငယ်နှစ်ဦးအနေဖြင့် ယခင်က လူမှုကွန်ရက်စာမျက်နှာတွင် အဆိုတော် ချစ်သုဝေအနေနှင့် ချစ်စရာဟန်အမူအယာလေးတွေ တင်နေခဲ့သည်ကို  ယခုဆိုလျှင် Forever Group Media မှာ ကလေးငယ်တွေ၏ လှုပ်ရှားမှုများကို အစီအစဉ်တစ်ခုအဖြစ် Channel 7 ကနေ "ခေတ်သစ်ကမ္ဘာငယ်" အမည်ဖြင့် ထုတ်လွှင့်ရိုက်ကူးပြသသွားမည်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို ယခုလ ၉ ရက်နေ့မှစတင်ပြီး အပတ်စဉ်စနေနေ့ ည ၈ နာရီအချိန်တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း၊  လုပ်ငန်းရှင်များအနေဖြင့် ကြော်ငြာများထည့်သွင်းပြီး ရရှိလာသည့်ငွေကြေးများကို ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို လုပ်ဆောင်သွားမည်ဟု သိရသည်။


ကိုလင်း