၁၈ ဩဂုတ်
ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၇ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း တိုကျိုမြို့တော် အစိုးရက အတည်ပြုထုတ်ပြန်ခဲ့သည်။
ယမန်နေ့က ရောဂါကူးစက်မှု ကျဆင်းခဲ့ပြီး ရောဂါကူးစက်သူဦးရေ ၂၀ဝ ကျော် အထိ ပြန်လည် မြင့်တက်လာသည်။
တိုကျိုမြို့တော်တွင် ယခုအချိန်ထိ ရောဂါကူးစက် ခံရသူ စုစုပေါင်း ၁၈၀၈၂ ဦး ရှိလာသည်။
မြို့တော် တာဝန်ရှိသူများက အုပ်စုလိုက် ညစာစားပွဲများ ပြုလုပ်ခြင်းနှင့် တိုကျိုမြို့တော်အပြင်ဘက်သို့ ခရီးထွက်ခြင်းတို့မှ ရှောင်ကြဉ်ရန် ပြည်သူများအား ပြောကြားထားပြီး ကြိုတင်ကာကွယ်မှုများ အစွမ်းကုန် လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


