ကျိုင်းတုံ ၂၁ ဇန်နဝါရီ
၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျိုင်းတုံတက္ကသိုလ် အထူးဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက်က ကျိုင်းတုံတက္ကသိုလ် ခေမရဠ်ခန်းမ၌ ကျင်းပသည်။
အဆိုပါအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဒေါ်စမ်းစမ်းမာက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲ၏စည်းကမ်းချက်များနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဒေါက်တာစမ်းစမ်းမာနှင့် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်စန်းစန်းဝင်းတို့က စစ်တုရင်အားကစားပြိုင်ပွဲအား ကစားကွက်ရွေ့ပြီး စတင်ဖွင့်လှစ်သည်။ ယင်းနောက် ပြိုင်ဝင်ကစားသမားများက တစ်ဦးချင်းယှဉ်ပြိုင်ခြင်း၊ အဖွဲ့လိုက်ယှဉ်ပြိုင်ခြင်းများဖြင့် စတင်ယှဉ်ပြိုင်ကစားကြသည်။ ထိုနောက် ဒေါက်တာစမ်းစမ်းမာနှင့် တာဝန်ရှိသူများက ပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် ကစားသများအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း ခရိုင် ပြန်/ဆက် မှသိရသည်။
MDN