မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၌ ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အပူချိန် အနည်းငယ်ထပ်တိုးနိုင်
ရန်ကုန်၊ ဧပြီ ၂၅
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တို့၌ အပူချိန် တစ်ဒီဂရီခန့် အနည်းငယ်ထပ်တိုးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။