ကလေးသူငယ်များကို စောင့်ရှောက်ရန်အတွက် ပညာပေးအဖြစ် အဓိကထားရိုက်ကူး "သမီးကလေးရဲ့ရွာ" ရုပ်ရှင်ဇာတ်ကား
ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးမှထုတ်လုပ်၍ ဝတ္ထု ဈာန်သစ်သွေး၏ (ဖြစ်ရပ်မှန်) ဇာတ်လမ်းကို ဇာတ်ညွှန်း နေစိုးသော်ရေးသားပြီး ဒါရိုက်တာ စတီးလ်ရိုက်ကူးထားသည့် "သမီးကလေးရဲ့ရွာ"ရုပ်ရှင်ကားကြီး အထူးပွဲကို သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံကြီးတွင် ဒီဇင်ဘာ ၂၃ ရက် နံနက်(၇)နာရီကပြသခဲ့သည်။