မုဒုံမြို့၌ အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက တာပသွန်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် မုံရွာမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း(အလုံ)ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှု အားပေးခြင်း
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဉပတိရုပ်ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ အလုံရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းနှင့် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း(အလုံ)၌ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထေွထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ပေါင်းတည်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ စုံလင်စွာရောက်ရှိလျက် ကျောင်းအပ်လက်ခံရေး ကြိုတင်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်  ကျောင်းသုံးစာအုပ်များ စုံလင်စွာရောက်ရှိလျက် ကျောင်းအပ်လက်ခံနိုင်ရေးကို ကြိုတင်စီမံဆောင်ရွက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့၌ သက်ကြီးရွယ်အို အဘိုးအဘွားများ သွားတု(အံကပ်) အခမဲ့တပ်ဆင်ပေး
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် သက်ကြီးရွယ်အို အဘိုးအဘွားများအား သွားတု(အံကပ်)များ အခမဲ့တပ်ဆင်ပေးခြင်းကို မေလ(၁၀)ရက် မွန်းလွဲ(၁)နာရီမှစတင်၍ စိမ်းလဲ့ရတနာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၄)ဖွင့်လှစ်
စာကြည့်တိုက်များ၏ အခန်းကဏ္ဍ၊ စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားရေးနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်သည်။
မိုးနဲမြို့၌ မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့အမိုးလန်ပျက်စီး
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် မေ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က မိုးသည်းထန်ခြင်း၊ မိုးသီးများကျရောက်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မြို့ပေါ်ရပ်ကွက်အချို့ လူနေအိမ်များနှင့် ကျေးရွာများရှိလူနေအိမ် စုစုပေါင်း ၄၉ အိမ်အမိုးလန်ပျက်စီးခြင်းနှင့် သစ်ပင်ကြီးများ ကျိုးကျမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ညောင်ရွှေမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့  ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို မေ(၁၁)ရက် နံနက်(၉)နာရီက ကန်ကြီးပရိယတ္တိစာသင်တိုက် ကျောင်းဝန်းအတွင်း ရှိ ဓာတ်ပေါင်းစုစေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။