ဝက်လက်  ၂၂  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် အတွင်းရှိ သောက်သုံးရေခက်ခဲသော ကျေးရွာများဖြစ်သည့် ပိတောက်ခြုံကျေးရွာနှင့် ရုံးပင်ကုန်းကျေးရွာများသို့ ဧပြီ ၂၁ ရက်မှစတင်၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေလှူဒါန်းမှုကို ဝက်လက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်း ဦးဆောင်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့်အတူ စေတနာရှင် အလှူရှင်များပူးပေါင်း၍ သောက်သုံးရေ ခက်ခဲနေသော ပိတောက်ခြုံကျေးရွာနှင့် ရုံးပင်ကုန်းကျေးရွာများသို့ ကျေးရွာ တစ်ရွာလျှင် ၅ ဂါလံဆန့် သောက်ရေးဗူး ၅၀ဝ ကို သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

 

ဆက်လက်၍ ကျန်ရှိနေသော သောက်သုံးရေ ရှားပါးသည့် ကျေးရွာများကိုလည်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးစိုးလှိုင် (ဝက်လက်)