၀င်ငွေအကောင်းဆုံးသော ရုပ်ရှင် OCEAN'S 8

၁၂  ဇွန်

ဟောလိဝုဒ်ရဲ့ အောင်မြင်တဲ့ ဇာတ်လမ်းတွဲ ရုပ်ရှင်တစ်ကားဖြစ်တဲ့ “Ocean's 8” ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်အမေရိကမှာ အပြိုင်ပြသခဲ့တဲ့ ရုပ်ရှင်တွေအနက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဇွန် ၈ ရက်မှ ၁၀ ရက်အတွင်း အဖွင့်သီတင်းပတ်အဖြစ် ရုံတင်ခဲ့ရာမှာတော့ “Ocean's 8”ရဲ့ ဝင်ငွေဟာ မြောက်အမေရိကရဲ့ ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင် ၁၀ ကားစာရင်းကို ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ “Solo: A Star Wars Story” ကတော့ ထူးခြားတဲ့အမျိုးသမီး ရှစ်ဦး ဇာတ်ဆောင်အဖြစ် ပါဝင်ထားတဲ့ “Ocean's 8”  ရဲ့ ဝင်ငွေကို ကျော်လွန်နိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။

“Ocean's 8” ဟာ မြောက်အမေရိကမှာ တစ်ပတ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၅ သန်း ရရှိခဲ့တာပါ။ ယင်းရုပ်ရှင်မှာတော့ ဟောလိဝုဒ် နာမည်ကျော်တွေဖြစ်ကြတဲ့ ဆန်ဒရာဘူးလော့ဒ်၊ အန်းဟက်သာဝေးလ်၊ ကိတ်ထ်ဘလန့်ချက်၊ ရီဟားနားအပါအဝင် အမျိုးသမီးဇာတ်ဆောင် ရှစ်ဦး ပါဝင်ထားတာ ဖြစ်ပါတယ်။

အေးပြည့်