နေပြည်တော်  ၆  မတ် 

 

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၆)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး (16th ACDFM)) တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာရာ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ U-tapao လေဆိပ်သို့ ရောက်ရှိကြသည်။

 

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri နှင့် Royal Cliff  Hotel ဧည့်ခန်းမ၌တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးစွာ ဆွေးနွေးကြသည်။  

 

ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးနှင့်အဖွဲ့အား ပတ္တရားမြို့ရှိ Royal Cliff  Hotel ? Sunset Terrace ၊ ၌ ထိုင်းဘုရင့်တပ်မတာ် ကာကွယ်ရေးဦးစီးချုပ် General  Ponpipat Benyasri က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

(သတင်းစဉ်)

 

6 G min aung hlaing 001
 

6 G min aung hlaing 002

 

6 G min aung hlaing 003