၄ ဒီဇင်ဘာ
လက်ရှိ ဆယ်စုနှစ်ကာလဟာ အပူဆုံးနှစ်များလို့ သမိုင်းမှာ မှတ်တမ်းတင်နိုင်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ ရာသီဥတုပြောင်းလဲခြင်းကို လူသားတွေရဲ့လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်း အကြောင်း သုတေသနစာတမ်းမှာ ရေးသားထားပါတယ်။
စက်မှုခေတ်မတိုင်မှီကထက် အခုနှစ်ပိုင်းမှာ ကမ္ဘာတစ်ဝန်းရဲ့ အပူချိန်ဟာ ၂ ဒီကရီဖာရင်ဟိုက် အထိ မြင့်တက်လာကြောင်း၊ ၂၀၁၉ ခုနှစ်ဟာ အပူဆုံး သုံးနှစ်တာရဲ့ အပူဆုံးနှစ်ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ပြောပါတယ်။
သဘာဝလောင်စာပစ္စည်းတွေကို ထုတ်ယူသုံးစွဲခြင်း၊ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ခြင်း၊ သီးနှံတွေစိုက်ပျိုးလာခြင်း၊ သယ်ယူပို့ဆောင်ရေး ပစ္စည်းတွေကနေ သဘာဝပတ်ဝန်းကျင်ထဲကို ကာဗွန်ဓါတ်ငွေ့တွေ ထုတ်လွှတ်တဲ့အတွက် ပိုပြီးပူနွေးလာတာဖြစ်တယ်လို့ WMO က ပြောပါတယ်။
သမုဒ္ဒရာတွေကနေ ၉၀ ရာခိုင်နှုန်းသော ဖန်လုံအိမ်ဓါတ်ငွေ့တွေကို စုပ်ယူရတယ်။ လွန်ခဲ့တဲ့ နှစ် ၁၅၀ ကျော်ထက် ပင်လယ်ပြင်မှာ အက်ဆစ်ဓါတ် လေးပုံတစ်ပုံပိုများလာကြောင်း တွေ့ရပါတယ်။ အဲဒီအခြေအနေဟာ ပင်လယ်ပြင်ရဲ့ ဇီဝဖြစ်စဉ်ကို မှီခိုနေတဲ့ ဘီလီယံနဲ့ချီတဲ့ လူသားတွေရဲ့ အစားအစားနဲ့ အလုပ်အကိုင်တွေကို ခြိမ်းခြောက်နေသလိုဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာဟာ အမြင့်ဆုံးအဖြစ်မှတ်တမ်းဝင် သွားပါတယ်။ ဂရင်းလန်းဒေသရှိ ရေခဲတန်ချိန် ၃၂၉ ဘီလီယံ ဟာ ၁၂ လအတွင်း အရည်ပျော်ခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


