နေပြည်တော် ၅ ဧပြီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနသည် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းအား နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။
၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၉ ခုနှစ်၊ ဧပြီ(၁)ရက်တွင် ရှိသော မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၄ဒသမ၁၀)သန်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ နေ့ရက်တွင်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းမှာ ကချင်ပြည်နယ်တွင် ကျား (၉၇၈၂၂၄)၊ မ (၉၀၃၁၃၈)၊ စုစုပေါင်း (၁၈၈၁၃၆၂)၊ ကယားပြည်နယ်တွင် ကျား (၁၅၉၁၂၁)၊ မ (၁၆၁၀၉၅)၊ စုစုပေါင်း (၃၂၀၂၁၆)၊ ကရင်ပြည်နယ်တွင် ကျား (၇၈၃၇၁၆)၊ မ (၈၂၁၉၈၁)၊ စုစုပေါင်း (၁၆၀၅၆၉၇)၊ ချင်းပြည်နယ်တွင် ကျား (၂၄၆၈၉၇)၊ မ(၂၆၉၈၅၅)၊ စုစုပေါင်း (၅၁၆၇၅၂)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျား (၂၆၁၅၉၃၆)၊ မ (၂၉၃၄၄၅၃)၊ စုစုပေါင်း (၅၅၅၀၃၈၉)၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျား (၇၃၃၃၀၆)၊ မ (၇၄၅၇၈၀)၊ စုစုပေါင်း (၁၄၇၉၀၈၆)၊ ပဲခူးတိုင်းဒေသကြီးတွင် ကျား (၂၃၃၉၆၁၈)၊ မ (၂၅၉၄၈၁၀)၊ စုစုပေါင်း (၄၉၃၄၄၂၈)၊ မကွေးတိုင်းဒေသကြီးတွင် ကျား (၁၈၀၇၁၄၅)၊ မ (၂၁၃၀၁၃၃)၊ စုစုပေါင်း (၃၉၃၇၂၇၈)၊ မန္တလေးတိုင်းဒေသကြီးတွင် ကျား (၃၀၅၇၅၆၅)၊ မ (၃၄၂၀၁၇၅)၊ စုစုပေါင်း (၆၄၇၇၇၄၀)၊ မွန်ပြည်နယ်တွင် ကျား (၉၄၃၆၀၉) ၊ မ(၁၀၅၁၄၅၉)၊ စုစုပေါင်း (၁၉၉၅၀၆၈)၊ ရခိုင်ပြည်နယ်တွင် ကျား (၁၅၈၂၀၃၄)၊ မ (၁၇၄၃၀၈၂)၊ စုစုပေါင်း (၃၃၂၅၁၁၆)၊ ရန်ကုန် တိုင်းဒေသကြီးတွင် ကျား (၃၈၈၇၄၄၉)၊ မ (၄၃၁၆၃၈၃)၊ စုစုပေါင်း (၈၂၀၃၈၃၂)၊ ရှမ်းပြည်နယ် တွင် ကျား (၃၁၅၆၁၆၆)၊ မ (၃၁၇၆၀၂၂)၊ စုစုပေါင်း (၆၃၃၂၁၈၈)၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျား (၃၀၄၂၈၁၄)၊ မ (၃၂၃၀ဝ၉၉)၊ စုစုပေါင်း (၆၂၇၂၉၁၃)၊ နေပြည်တော်ကောင်စီနယ်မြေတွင် ကျား (၆၁၅၂၈၉)၊ မ (၆၅၃၈၉၉)၊ စုစုပေါင်း (၁၂၆၉၁၈၈)ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဦးရေမှာ ကျား (၂၅၉၄၈၈၈၉)၊ မ (၂၈၁၅၂၃၆၄)၊ စုစုပေါင်း (၅၄၁၀၁၂၅၃)ဦးဖြစ်ကြောင်း ပြည်သူ့ အင်အားဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


