၂၇ နိုဝင်ဘာ

ပြီးခဲ့သည့်နှစ်က အေအိုင်ဒီအက်စ်နှင့် ဆက်စပ်သောရောဂါများကြောင့် အသက် ၁၉ နှစ်အောက် လူပေါင်း ၁၂၀၀၀၀ သေဆုံးခဲ့ကြောင်း UNICEF၏ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

 

h2

 

အဆိုပါ အစီရင်ခံစာကို ကမ္ဘာ့ AIDS နေ့မတိုင်မီ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ခုနှစ်အတွင်း AIDS ကြောင့် သေဆုံးခဲ့သည့် ၆၂ရာခိုင်နှုန်းမှာ အသက် ၄ နှစ်အောက် ကလေးငယ်များ အများဆုံးဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။ 

အဆိုပါ အစီရင်ခံစာတွင် မိခင်မှတစ်ဆင့် ကလေးကို ကူးစက်ခြင်းမှ ကာကွယ်ရန်အစီအစဉ်ကို အလေးပေးဖော်ပြထားသည်။

အသက် ၉ နှစ်အရွယ် လူနာထက်ဝက်ကျော်တွင် မိခင်ဝမ်းထဲကတည်းက ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

အာဖရိကရှိ ဆာဟာရဒေသများတွင် ၆၀ ရာခိုင်နှုန်းကျော် ကူးစက်ခံခဲ့ရကြောင်း အဆိုပါ အစီရင်ခံစာက ပြောကြားခဲ့သည်။

ဆေးကုသမှုခံယူရာတွင်လည်း ဒေသဆိုင်ရာ မတူညီမှုများကြောင့် ကွာဟချက်များ ရှိကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

ကလေးများနှင့်ဆယ်ကျော်သက်များအတွက် HIV စစ်ဆေးမှုနှင့် ကုသရန် ပတ်ဝန်းကျင်ကောင်းများ တိုးတက်လာစေရန်အတွက် အစိုးရများအား UNICEF က တိုက်တွန်းထားသည်ဟု ဆိုသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်